☣️Chapter 2.0*Past(အတိတ်)

9 2 2
                                    

"ကို့ရဲ့ နှလုံး၇ခုလုံး က ဆံပင်တိုတိုပါးဖောင်းဖောင်း ကောင်မလေး၁ယောက်အတွက်သာ ကခုန်ကြတယ်"/ {Satan}

☣️☣️☣️☣️☣️☣️☣️☣️☣️

"ရှင်သတိရလာပြီလား"
အသံချိုသာသောလူသားမိန်းကလေးတစ်ယောက်ကို မနက်နေအလင်းရောင်စူးစူး မျက်လုံးပေါ်ကျရောက်နေစဉ် မှုန်မှုန်၀ါး၀ါး အမြင်အာရုံဖြင့်မြင်ရသည်..

(နက်မှောင်သောဆံပင်တိုတို ကြည်လင်သောအသားရည် ပါးမို့မို့ နှုတ်ခမ်းဖူးဖူး မျက်နှာ၀ိုင်း၀ိုင်း မျက်ခုံးပါးပါးလေးကြားမှမျက်လုံး​သေးသေးလေးဖြင့်အပေါ်စီး မှမေးနေခြင်းပင်)

"မိုက်မဲလှတဲ့ နိမ့်ကျတဲ့လူသား ငါ့ကိုအရိုအသေပေးစမ်း!!"
(အသံသြဇာအာဏာပြင်းပြင်းဖြင့်စူးစူးရှရှ အမိန့်ပေးလိုက်သောSatan)

"haha  ရှင်ကတော်တော်နောက်တတ်တဲ့လူပဲ"

(ကြောက်ရွံ့နေပုံ တစက်မှမပေါ်သော ကောင်မလေးမှ လှောင်ရယ်သောနှုတ်ခမ်းလေးများကြားမှ ချိုသာသောအပြုံးလေးဖြင့်ရယ်သည်)

ကျွန်တော်(Satan)မိုက်မဲလှတဲ့လူသားကိုအဆုံးသတ်ပေးရန်  မတ်တပ်ထရပ်လိုက်သည်..
"မိုးလင်းနေပြီပဲ ငါ့ရဲ့တန်ခိုးတွေ လျော့ကျနေပြီ..နောက်ကျောကငါ့ရဲ့သန်မာလှတဲ့တောင်ပံတွေ... Satanနဲ့တူတာဆိုလို့ မျက်လုံးနီနေတာလေးပဲကျန်ခဲ့တာပါလား''

"အားးး..ဟိုကောင်မ ဒီတခါတော့ငါ့ကိုတော်တော်ပညာပြသွားတာပဲနောက်တခါဆုံမှ အရှင်လတ်လတ်ပြာချအဆုံးသတ်ပေးဉီးမယ်"
(ရင်ဘတ်နှင့် ဗိုက်တွင်ရထားသောဒဏ်ရာများသွေးထွက်နေသည်ကိုလက်ဖြင့်ဖိကာအံကြိတ်နေသောSatan)

"ရှင်အဆင်ပြေရဲ့လား တကိုယ်လုံးမှာလည်းဒဏ်ရာတွေနဲ့ ဘာဖြစ်လာတာလဲ ...ပြီးတော့ ဒီကျွန်းမှာ ကျွန်မတစ်ယောက်ထဲနေတာ ဒီနေရာကိုရှင်ဘယ်လိုရောက်လာတာလဲ?"
(နှုတ်ခမ်းဖူးဖူးလေးတွေကြားမှမေးခွန်းများဆက်တိုက်မေးနေသောလူသား)

ကျွန်တော့်စိတ်ထဲတွင်သတ်ချင်ဖြတ်ချင်သောဒေါသများတလိတ်လိတ် တက်နေသည်..

(ဒီချိန်တွင်ကျွန်တော့ခွန်အားများကျန်သေး၍ လှုပ်ရှားနိုင်ပါက နားညီးစကားများလွန်းလှသော နိမ့်ကျတဲ့သေမျိုးကိုချက်ချင်းသတ်ပစ်လိုက်မိမှာ သေချာသည်...)

Você leu todos os capítulos publicados.

⏰ Última atualização: Jul 10, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

☣️TOXIC(အဆိပ်)Onde histórias criam vida. Descubra agora