𝐈𝐗

1.5K 194 48
                                    

[ZAWGYI]










Birthday party ကို Alessandro ခြံကြီးထဲမှာပဲ လုပ်ဖြစ်သည် ။ သိတဲ့သူတွေကိုပဲ ဖိတ်တယ်ဆိုပေမဲ့ စီးပွားရေးအရ ခေါင်ပိုင်းက လူတွေပါ လာမှာမို့ suit အပြည့်ဝတ်လိုက်မယ်လို့ စဉ်းစားထားသည် ။
ဘယ်လိုပဲ ဖြစ်ဖြစ် အရှိန်အဝါတစ်ခုတော့ တောက်ပနေဖို့ လိုသည်လေ....

ဆံပင် ငွေရောင်ကို လှမ်းသပ်ပြီး hair spray နဲ့ ပုံသွင်းလိုက်တဲ့အခါမှာ သိသိသာသာကို ထင်ရှားလာတဲ့ ချောမောတဲ့ မျက်နှာ.....
Radiation လုပ်ထားတာကြောင့်ရော ရောဂါကြောင့်ပါ အရင်ကထက် မျက်နှာက ပိုပြီး ချောင်ကျနေပေမဲ့ ပိုပြီး လူကြီးဆန်သွားတာကြောင့် ကျေနပ်မိသည် ။
အနောက်တိုင်း suit ကိုမှ all black ၀တ်ထားလေသည် ။
အနက်ရောင် ၀တ်စြုံကားထဲမှာမှ ထင်းထွက်နေတဲ့ သူ့ရဲ့ visual က သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပင်....

ကိုကိုက လာခဲ့မယ်လို့ ပြောထားတာကြောင့် ကိုကို့မျက်လုံးထဲ ကြည့်ကောင်းစေဖို့ သေချာ ပြင်ဆင်နေမိသည် ။

“ wow ဟျောင်း ကြည့်ကောင်းလှချည်လား ”

‌ဘယ်တုန်းက ဘေးမှာ ရောက်နေမှန်းမသိတဲ့ ဂျောင်ဝန်းဆီက အသံထွက်လာတော့ မှန်ကနေတစ်ချက် စောင်းငဲ့ကြည့်လိုက်သည် ။
မွေးနေ့ရှင်က သူလား ကိုယ်လားပင် မသဲကွဲ.....
ပိုးသားအင်္ကျီကိုမှ ကြယ်သီးအပြည့် မတပ်ထားတဲ့ အပြင် ဆံပင်အမဲရောင်ကို ဖွာဖွာလေးလုပ်ထားတာကြောင့် ဆွဲဆောင်မှုရှိနေလေသည် ။ ပတ်ဂျေးသာတွေ့ရင် ရင်ခွင်ထဲ ထည့်ပြီးတော့ကို ရင်ဘတ်ကို ကာထားမှာ မြင်ယောင်သေး....

“ အောက်မှာ ဆင်းနေတော့လေ ဘာလို့ပြန်တက်လာတာလဲ ”

“ အန်တီနဲ့ ဦးလေးက မြန်မြန်ဆင်းလာတော့လို့ ခေါ်ခိုင်းလိုက်လို့ အာ ပြီးတော့ အရပ်ရှည်ရှည်နဲ့ အကိုချောချော‌တစ်ယောက်လဲ ရောက်နေပြီ ”

“ အာ ဟီဆွန်းငီးဟျောင်း ရောက်နေပြီလား မြန်မြန်ဆင်းလာခဲ့မယ်
ကိုကိုရော? ”

“ ဘယ်သူလဲ ဟီဆွန်းက?? ”

“ ဒီအတိုင်း အလုပ်က သိတဲ့သူ ”

“ အော် အဲ့လိုလား....ဟျောင်းရဲ့ ကိုကိုကတော့ မရောက်သေးဘူး ”

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ  |  sᴜɴsᴜɴWhere stories live. Discover now