[ZAWGYI]
(Flashback ရော Present ရော အပိုင်းတိုင်းမှာ အပြန်အလှန်သွားမှာမို့ date တွေကို သေချာဖတ်ပေးပါ><
ထင်ထားတာထက် နည်းနည်းပိုရှည်လောက်မယ် )2016 , June......
*SUNOO's POV*
ကိုကိုနဲ့ ထိုအမျိုးသမီးရှေ့မှာတော့ ကျွန်တော်က ဖော်ရွေပြီး စိတ်ထားကောင်းတဲ့ ကောင်လေးပေါ့....
ကိုကို့ surprise အစီအစဉ်က အောင်မြင်သွားပါတယ်...
အမှန်တကယ် ဖျက်စီးပစ်လိုက်ချင်ပေမဲ့ နောက် ကျွန်တော် ပိုင်ဆိုင်ရမှာပဲဟာ
ဒီလောက်လေးတော့ ပေးဆပ်ပေးရမှာပေါ့ ၊ ဟုတ်တယ်မလား?ကိုကို့အမျိုးသမီးက အီတလီလူမျိုး တစ်ယောက်....
ဆံပင်ရွှေရောင်လေးကို တစ်ဝက်ကို ခါးထိချထားပြီး တစ်ဝက်ကိုအနောက်မှာစုစည်းထားတဲ့ ထိုအမျိုးသမီးက အရမ်းလှသည် ။ (ကျွန်တော့်လောက်တော့ မလှပေမဲ့ပေါ့)
ကိုကိုက ရွှေခဲလေးလို အဖိုးတန်တဲ့ ကောင်မလေးကို ရထားတာပဲ...
ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ၊ ကျွန်တော်က ကျွန်တော့်လမ်းမှာ ပိတ်နေတဲ့ ဘယ်အတားအဆီးမဆို ရှင်းထုတ်ဖို့ ၀န်မလေးဘူးဗျ....အဲ့အရာက ကိုကိုဖြစ်နေရင်တောင်ပေါ့
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
At (**) coffee shop,Surprise event လေးပြီးတော့ ကျွန်တော့်ကို ကျေးဇူးတင်လို့ဆိုပြီး coffee တိုက်ချင်လို့ဆိုတာကြောင့် ရောက်နေခြင်းဖြစ်သည် ။
ကိုကိုနဲ့ သူ့အမျိုးသမီးက တစ်ဖက်ထိုင်ပြီး ကျွန်တော်က သူတို့ မျက်နှာချင်းဆိုင်မှာ ထိုင်ရသည် ။ကိုကို့ဘေးမှာ ကျွန်တော်မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ထိုင်နေတာ တကယ် အကျည်းတန်လှတဲ့ မြင်ကွင်းပါပဲ...
နောက်ဆို ကိုကို့ဘေးမှာ ထိုင်တဲ့သူက ကျွန်တော်ဖြစ်အောင် လုပ်မှာ
အချိန်တစ်ခုပဲ လိုသည်။“ မောင်လေး ဘာသောက်မလဲ ”
အဲ့အမျိုးသမီးက မေးလာသောကြောင့် အတွေးကမ္ဘာထဲက ပြန်ရုန်းထွက်လာမိသည် ။“ ကျွန်တော့် အတွက် black coffee တစ်ခွက်ပါပဲဗျ ”
အပြုံးချိုချိုလေးဖြင့် ပြောလိုက်သောကြောင့် ထိုအမျိုးသမီးက “ တော်တော် ချစ်ဖို့ကောင်းတဲ့ ကောင်လေး ” လို့ပြောသည် ။