Unicode
တစ်နေ့ပြီးတစ်နေ့ကလေးကချစ်ဖို့ကောင်းလာတယ်ဘာလို့များဒီလူသားဟာအမြဲအသည်းယားစရာကောင်းနေရသလဲ..
ယွီပင်းတို့နဲ့တိုင်ပင်ပြီးတာတောင်ဘာလိုလိုနဲ့၂ပတ်လောက်ရှိခဲ့ပြီ ကလေးရဲ့အရင်လက်ထပ်လက်စွပ်ကအရွယ်အစားတွေနဲ့တိုင်းပြီးစီစဥ်ထားတဲ့နေ့အတွက်အရာအားလုံးကိုကလေးမသိအောင်ခိုးပြင်နေရတာကလည်းသိသွားမှာဆိုးပြီးရင်တမမနဲ့..
အရှေ့တည့်တည့်ကလူသားကသူ့ဆီလာအပ်တဲ့ဆိုင်ခန်းဒီဇိုင်းအတွက်ကြိုးကြိုးစားစားပြင်ဆင်နေလေရဲ့
မျက်မှန်အညိုရောင်နှင့်အတူရှေ့ဆံပင်တို့ကလည်းမျက်မှန်နားကိုအနည်းငယ်ငိုက်ကျလျက်
ပန်းနုရောင်သန်းနေသောနှုတ်ခမ်းဖျားတို့ကအနည်းငယ်ဖွင့်ဟလျက်
ဆွယ်တာအင်္ကျီလက်ရှည်နှင့်မို့သူ့ဖြူဥနေသောလက်ဖျားလေးကအစငေးလို့မဝနိုင်..သူ့ကိုစိုက်ကြည့်နေသည်ကိုသတိထားမိလို့နှင့်တူပါရဲ့ထိုသူ့မျက်မှန်အောက်ကမျက်ဝန်းတို့ကကျနော့်ကိုကြည့်လာသည်..
နောက်ပြီးမကြာလိုက်သူ့နှုတ်ခမ်းဖျားတို့ကပါအတူကွေးညွှတ်ပြီးမဲ့နက်လေးနဲ့အတူပြုံးပြလာပြန်တော့လည်းဒီကလူကမြတ်နိုးရင်းမြတ်နိုးရပြန်သည်..
"ကိုကို ပျင်းနေပြီလား"
"မပျင်းပါဘူး ရှေ့ကလူချောလေးကိုငေးနေရတဲ့အလုပ်ရထားလို့မပျင်းအားသေးဘူး"ကိုကို့ကထိုသို့ပြောတိုင်းတအံ့တသြနဲ့ရှက်ရတာကလည်းဘယ်တော့မှအသားမကျနိုင်သေးပါဘူး
နေ့ခင်းကတည်းကသူ့ရုံးပိတ်ရက်မို့လာခေါ်ပြီးcafeထိုင်ဖို့ပြောတော့လည်းကိုယ်ကအလုပ်တွေမပြီးသေးတာမို့အပ်ရမယ့်နေ့လည်းနီးနေတာနဲ့ကိုကို့ကိုအချိန်မပေးနိုင်ဖြစ်နေတာ
ရောက်ကတည်းကကိုကိုက ကျွန်တော့်အတွက်လိုတာတွေမှာပေးပြီးအလုပ်လုပ်တာကိုပဲငေးကြည့်နေတာအခုထိပင်.."ဖြေးဖြေးလုပ် တအားလုပ်ရင်ပင်ပန်းနေမယ် ရော့ မုန့်လေးလည်းစား"
.
.
.
.
.
.
"ကလေးကိုယ်တို့ဘတ်စကတ်ဘောကစားကြမလား"
ရှောင်ကျန့်ကိုရိပေါ်အိမ်ပြန်ပို့ရင်းလမ်းတဝက်တွင်မေးလိုက်သည်
"ဘောလုံးပါလာလို့လား"
"ပါလာတယ်"
"ကျွန်တော်ကသိပ်မဆော့တတ်တာကိုကိုလဲသိရက်နဲ့.."
"ဘာဖြစ်လဲ မဆော့တတ်လည်း ကလေးကို သင်ပေးမယ့်ကိုယ်ရှိတာပဲ"
YOU ARE READING
အချစ်စစ်(Yizhan version)
Fanfiction"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာမပါတဲ့ကံတရားကြီးကိုပဲအပြစ်တင်ပါ့မယ်" :Xz