ရာသီဥတုဟာ အုံ့အုံ့မှိုင်းမှိုင်း ။လက်ကာစတွေဆွဲဖယ်ပြီး အပြင်ကိုငေးတော့ မိုးစက်တို့ကတဖွားဖွားကျနေဆဲ ။မနေ့ညကလည်း တဝုန်းဝုန်းတသဲသဲ ရွာထားသည့်မိုးက ဒီနေ့ပါဆက်ရွာချင်သည့် သဘောတွင်ရှိသည် ။ လက်ကာစတွေကိုပြန်ပိတ်ပြီး မီးဖိုချောင်ထဲဝင်လိုက်သည် ။ကော်ဖီတစ်ခွက်ဖျော် ပေါင်မုန့်ကိုယူလာပြီး အိပ်ခန်းဆီသို့ ဦးတည်လာခဲ့သည် ။ ထမင်းစားခန်း ဒါမှမဟုတ် ဧည့်ခန်းကို မသွားတာလဲလို့ တွေးနေနိုင်သည် ။ဒါဟာ ကင်ထယ်ယောင်းရဲ့ပုံမှန်မနက်ခင်းတွေပါ ။ မနက်စာအတွက် ကော်ဖီတစ်ခွက်နဲ့ စတော်ဘယ်ရီယိုသုတ် ပေါင်မုန့်နှစ်ချပ်က လုံလောက်သည် ။ ဘယ်နေရာမှာသာ အစားစားရမည်ဟုလည်း သူ့အတွက် ခွဲခြားထားတာမျိုးမရှိ။ အဆင်ပြေသည့်နေရာမှာစားလိုက်သည် ။အိပ်ခန်းမှာစားတာတော့ပိုများသည် ။
မနက်စာစားပြီးနောက် မီးဖိုခန်းထဲပြန်ဝင်လာရသည် ။ကော်ဖီခွက်ကို ဘေဇင်ထဲထည့်ပြီး စတော်ဘယ်ရီယိုဗူးကို စင်ပေါ်ထိုးတင်လိုက်သည် ။ကော်ဖီခွက်ကိုနောက်မှဆေးလိုက်မည် ။ ခြေလှမ်းတွေကတော့ ပန်းချီဆွဲသည့်နေရာကိုဦးတည်နေသည် ။
စိတ်တို့ဟာ ဗလာနတ္ထိ ။ယနေ့မနက်ခင်းလိုပင် အုံ့မှိုင်းနေဆဲ ။သဲသဲမဲမဲရွာတာမျိုးမဟုတ်ပဲ တဖွဲဖွဲကျနေတဲ့မိုးစက်တွေက စိတ်ပျက်စရာ။ ပန်းချီဆွဲဖို့စိတ်ကူးထားသော်လည်း ခေါင်းထဲဘာအတွေးမှထွက်မလာ ။စုတ်တံကိုလက်ကချပြီး နေရာကထလိုက်သည် ။စိတ်ပြောင်းစေရန် တီဗွီဖွင့်သည် ။သတင်းတွေက စိတ်နောက်စရာ ။ရီမုကိုယူပြီး နောက်တစ်လိုင်းပြောင်းလိုက်သည် ။ဒရမ်မာဇာတ်လမ်းတွဲထဲ စိတ်ကရောက်တချက်မရောက်တချက် ။
ရုတ်တရက်သတိရသွားသည်က အပြုံးတွေနဲ့ကောင်လေး ။ အရောင်လဲ့လဲ့မျက်လုံးတွေရှိတဲ့ကောင်လေး ။ဆေးလာထည့်ပေးတဲ့ညနောက်ပိုင်း သူနဲ့ထပ်မတွေ့ဖြစ်တော့ ။ခန့်မှန်းပြောရရင် တစ်ပတ်နီးပါးလောက်ရှိပြီ ။ဒီရက်တွေထဲ အပြင်မထွက်ပဲ အခန်းအောင်းပန်းချီဆွဲနေတာကြောင့်လဲဖြစ်နိုင်သည် ။အဲ့နေ့ညက အပြန်မှာမိုးမိသွားသလား မသိလိုက် ။ဒါလဲကိုယ်နဲ့မဆိုင်ပါ ။သူ့ကိုတကူးတက ဖိတ်ခေါ်ထားတာမျိုးမဟုတ် ။သူ့စိတ်နဲ့သူ ရောက်လာခြင်းသာ ။အဲ့ညက ကျွန်တော့်မေးခွန်းကို ပျော်လို့ ဆိုတဲ့အဖြေနဲ့အဆုံးသတ်သွားတဲ့ကောင်လေးကို နားမလည်နိုင် ။
CZYTASZ
နေကြာရိုင်းနှင့်ချစ်သောSunshine
Fanfictionနေကြာပန်းခင်းတွေကိုမြင်တွေ့ဖူးပါသလား နေကြာပန်းတွေရဲ့အဓိပ္ပာယ်ကိုသိပါသလား နေကြာပန်းတွေက နေမင်းကြီးရှိရာအရပ်ကိုသာ မျက်နှာမူပွင့်လန်းကြတာကို သတိထားမိပါသလား