ကိုယ့်ရွေးချယ်မှုတွေကို နောင်တမရခဲ့ဖူးဘူး မင်းနဲ့မပတ်သက်ခင်အထိပေါ့။ မင်းမှာ သိပ်လှတဲ့ မျက်ဝန်းလေးတွေရှိတယ်၊ အပြောချိုတဲ့နှုတ်ခမ်းလေးတစ်စုံရောပဲ။ မင်းရဲ့ ဆန်းကြယ်မှုတို့ဖြစ်တည်ရာကတော့ ဖြူစင်တဲ့နှလုံးသားလေးတစ်စုံပေါ့။ ဒါကြောင့်ပဲကိုယ်မင်းကိုရွေးခဲ့မိတာလားပဲ ကိုယ်မသေချာပါဘူး ဘာလို့ဆို မင်းရဲ့အရာအားလုံးနီးပါးကို ကိုယ်သဘောကျလို့ပဲ။ အရာအားလုံးနီးပါးပေါ့။ ကိုယ်မကြိုက်တဲ့အချက်လေးတွေတော့ရှိပါရဲ့ ဒါပေမယ့် လူပဲလေ အရာအားလုံးကိုယ့်အကြိုက်ချည်းပဲတော့မဖြစ်နိုင်ဘူးမလား။ ကိုယ့်မှာလည်း မင်းမကြိုက်တဲ့အရာတွေရှိတာပဲကို။
မြင်မြင်ခြင်းအချစ်တွေဘာတွေကိုယ်မယုံပါဘူး။ ဘာလို့ဆို ကိုယ်မှမချစ်ခဲ့ဘဲ။ ကိုယ့်ကိုချစ်မယ့်သူလည်းမရှိခဲ့ဘူးလေ။ မင်းလေးကိုတောင် မြင်ပါများလို့ချစ်ကျွမ်းဝင်ခဲ့တာ။ မင်းလေးကို အင်တာဗျူးလာဖြေတုန်းမှာတစ်ခေါက်တွေ့တယ် မင်းရဲ့ပြောပုံဆိုပုံကိုသဘောကျလို့ ကိုယ်ရွေးလိုက်တယ် ဒါပါပဲ ကိုယ့်စိတ်ထဲ ထူးထူးခြားြခားမရှိဘူး။ မင်းရဲ့လုပ်ပုံကိုင်ပုံနဲ့ စည်းစနစ်ကျမှုတွေကြောင့် ကိုယ်စိတ်ကျေနပ်ခဲ့တယ် ဒါကြောင့် ကိုယ်မင်းကို လစာတိုးပေးတယ် ဘောနပ်ေပးတယ် တစ်ခါတစ်လေ နေ့လည်စာလိုက်ကျွေးမယ်။ ကိုယ်မင်းကို သတိထားမိရုံပါပဲ။ ကိုယ့်ရဲ့ အကြိုက်အတိုင်း အလိုက်အထိုက်နေပေးတတ်တဲ့မင်းလေးကြောင့် ကိုယ့်အတွက် ပြဿနာမရှိခဲ့ဘူး။ မင်းကိုယ့်ကိုသဘောကျတယ်လို့ပြောခဲ့တဲ့နေ့က ကိုယ်တော်တော် အံ့ဩသွားခဲ့တာ။ ကိုယ်မင်းကို သေချာပြန်စဉ်းစားဖို့ပြောခဲ့တယ်။ မင်းနားလည်မှုလွဲသွားခဲ့တယ်နဲ့တူပါတယ် ရက်အတော်ကြာ ကိုယ့်အတွက် ထမင်းပွဲလေးမှာ မင်းလက်ရာလေးတွေမပါခဲ့ဘူး။ ဆိုင်မီးဖိုခန်းလေးမှာတော့ စားဖိုမှူးလေးမင်းချက်ပြုတ်နေတာကို တစ်ခါတစ်လေလှမ်းတွေ့ရတယ်။ မင်းမျက်နှာလေးညိုးနေတာကိုရောပေါ့။ ကိုယ့်အနေနဲ့ အပြောင်းအလဲတွေကို ကျင့်သားမရဘူးကွာ။ အလုပ်ပါးရင် ကိုယ့်ကို အသစ်အဆန်းလေးတွေလက်စွမ်းပြချက်ေကျွးတတ်တဲ့မင်းက တိတ်ဆိတ်လို့ ကိုယ့်အနားတောင်ကပ်မလာတော့ဘူး။ ကိုယ်အရှုံးပေးပါတယ်ကွာ မင်းကကိုယ့်ကိုသဘောကျတယ်ဆိုလည်း ကျတယ်ပေါ့။ ညအလုပ်ဆင်းချိန်ထိ ကိုယ်သည်းခံနေခဲ့ပါတယ် ကိုယ့်နှယ် မင်းနဲ့စကားမပြောလိုက်ရမှာစိုးလို့ ဘယ်မှမသွားနိုင်ဘဲ ကောင်တာမှာ ဖင်တကြွကြွနဲ့ မျောက်မီးခဲထိုင်မိထားသလိုနေနေရတယ်။ ဘယ်မှမသွားနိုင်သလို ဘာအလုပ်မှလည်းမလုပ်နိုင်ပါဘူး။ လက်တော့ဖွင့်ပြီး ဟိုကြည့်သည်ကြည့်ပါပဲ။ ညအလုပ်သိမ်းချိန်နားကပ်လာေတာ့မှာတော့ ကိုယ့်ရင်ထဲကုလားဘုရားလှည့်နေသလိုပါပဲ ကိုယ့်ဗိုက်ကလည်း အားကျမခံ သံစုံတီးဝိုင်းတီးနေပြန်ပါရော။ ကိုယ် ကလိန်ကျလို့ ကိုယ့်အတွင်းရေးမှူးဟာ သူ့ချစ်သူလေးနဲ့ ဆိုင်မှာ လာစားရပါတယ်။ အားနာတတ်တဲ့မင်းလေးက ကိုယ့်ခွင်ထဲ ကွက်တိဝင်လာပါရော။ မင်းတစ်ယောက်တည်း ချက်ပြုတ်နေတုန်း ကိုယ်အခွင့်အရေးအမိအရယူခဲ့တယ်။ မင်းကို ကူလုပ်ပေးပြီး စကားပြောဖို့လမ်းရှာပါတယ်။ ကိုယ့်ရဲ့ မာစတာဘရိမ်းကို ချီးကျူးရမယ် အလုပ်ဖြစ်ခဲ့ပါတယ်။ အလိုက်တသိနဲ့မင်းလေးက ကိုယ့်ကို မေးခဲ့တယ် " ခင်များ ကျနော့ကို ြငင်းခဲ့တာလား " ကိုယ်ပြန်ရှင်းပြခဲ့ပါတယ် ကိုယ်က မင်းနောင်တမရစေချင်လို့ပါ။ ကိုယ်တို့စကားဝိုင်းပြီးတဲ့အခါမှာ ဟင်းလျာတွေလည်း အဆင်သင့်ဖြစ်ပါပြီ နှမြောစရာက ကိုယ့်တို့နှစ်ယောက်ရဲ့ ပထမဆုံးဟင်းလျာကို ကိုယ်မစားလိုက်ရတာပါပဲ။ ချွေးစလေးတွေစို့နေတဲ့ မင်းနဖူးပြင်ထက်ကို အနမ်းချွေခဲ့လိုက်တယ်။ ကိုယ့်ရဲ့ OCD ကိုသိတဲ့မင်းလေးက ချွေးတွေနဲ့မလို့ အကပ်မခံချင်ခဲ့ပါဘူး ကိုယ့်ကို အားနာသလိုကြည့်နေလို့ ကိုယ်ဖြေရှင်းခဲ့ရသေးတယ်။ မင်းလေးကကိုယ့်အတွက်ခြွင်းချက်ပါဆိုပြီး။ ကိုယ့်အတွင်းရေးမှူးလေးကတော့ စားပွဲထိုးဖြစ်နေရှာတဲ့ စီအီးအိုကိုကြည့်ပြီး ထိတ်လန့်တကြားဖြစ်နေရှာရဲ့။ ဝမ်းသာပီတိဂွမ်းဆီထိနေတဲ့ ကိုယ်ကတော့ ဂုဏ်ယူဝင့်ကြွားနေခဲ့တယ်။
YOU ARE READING
My Lovely Chef
Cerita PendekRomantic love story between Boss and Little Chef Warning: ခွေးစာတွေအဝကျွေးမှာပါ (≧▽≦)