Part-5

5.5K 382 24
                                    

( Unicode )

ရုပ်ရှင်ရုံ အမှောင်ထုကြီး ဖုံးလွှမ်းနေတာမို့ လမင်းအိန္ဒြာ ရင်တွေ တလှုပ်လှုပ်နဲ့။ ဘေးက လူကြီးလေးကတော့ ရုပ်ရှင်ကိုသာ အာရုံရောက်နေလေသည်။

ပေါက်ပေါက်ကို လက်တစ်ဖက်က နှိုက်စားရင်း တစ်ဖက်ကလည်း အအေးဘူးကို ကိုင်ထားကာ အာရုံစိုက်ကာ ကြည့်နေသည့် လူကြီးလေးက်ို လမင်းအိန္ဒြာ မေးထောက်ကြည့်နေမိတာ အစကတည်းကပင်။

ဧကရီ ရုပ်ရှင်ကို ကြည့်နေရင်း ဘေးက လူကို သတိရသွားလို့ လှည့်ကြည့်တော့ သူ့ကို မေးထောက်ကာ ကြည့်နေတဲ့ သူကြောင့် ကြောင်သွားရသည်။

"လမင်း..အယ် ငယ် ရုပ်ရှင်မကြည့်ဘဲ မ ကို ကြည့်​နေတာလား"

"အင်း ရုပ်ရှင်ထက် မ က ပိုကြည့်လို့ကောင်းလို့"

"အာ"

ဧကရီ စကားတွေနဲ့ ရှက်ရပြန်သည်။တော်တော်လည်း ပြောတတ်တဲ့ လူသား။

ဧကရီ ဆက်မပြောတော့ဘဲ ရုပ်ရှင်ကိုသာ အာရုံပြန်စိုက်လိုက်သည်။

ခဏနေတော့ အရှေ့က ကောင်မလေးတွေတချို့ နောက်ကို လှည့်လှည့်ကြည့်နေတာ ဧကရီ ရိပ်မိလာသည်။

ဘေးကို ကြည့်တော့လည်း သူ့ဘေးကို ကြည့်နေတာသည်မို့ ဘေးက လူက်ို ကြည့်လိုက်တော့ မျက်နှာကို တည်တံ့ကာ မေးထောက်ထားလျက် ပေါက်ပေါက် စားရင်း ရုပ်ရှင်က်ို ကြည့်နေလိုက်တာ ချောလွန်းတာမို့ အကြည့်ကို မလွှဲနိုင်တော့။

သူ့ဆီမှာပဲ မျက်လုံးတွေက ကော်လို ကပ်နေလေရဲ့။မကြည့်ဘဲလည်း မနေနိုင် ကြည့်ပြီးရင်း ကြည့်ချင်နေမိသည်။

ရုပ်ရှင်ပြီးလို့ အပြင်ကို ထွက်လာတော့ ပိုလို့ပင် လူတွေ များသွားသေး။

လာတုန်းက လူနည်းသေး အခုညနေစောင်းရောက်လာပြီမို့ လျှောက်လည်သူတွေများလာပြီး ငေးသူတွေ ပိုများလာလေသည်။

ဧကရီ ဘာလို့မှန်းမသိ နည်းနည်းပျော်နေမိ။လူတွေကို ဆွဲဆောင်နေတဲ့ လူသားနဲ့ အခုလို ဘေးချင်းယှဉ်လျှောက်နေရတာ ခံစားချက်တစ်မျိုးလေး ။နာမည်ကြီး celebrity နဲ့ လျှောက်သွားနေရသလို ခံစားနေရတာမို့ ပြုံးပျော်နေလေသည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-2)Wo Geschichten leben. Entdecke jetzt