Special episode- 3

2.3K 196 11
                                    

Unicode

ညသန်းခေါင်ကျော်သည်အထိ အတူ ရှိနေခဲ့ကြတာ နောက်ကျနေပြီမို့ ဧကရီ ငယ့်ကို အတင်းအိမ်ပြန်လွှတ်တာကို မပြန်ဘဲ မ လူနာကို စောင့်နေရတာ အဖော်ရှိအောင် အနားမှာ နေနေပေးမယ်ဆိုပြီး ပြန်လွှတ်မရတော့တဲ့အဆုံး ဧကရီလည်း ခွင့်ပြုပေးလိုက်သည်။

ထိုသို့ ခွင့်ပြုပေးလိုက်တာ ဧကရီအတွက် အဆင်ပြေသွားတယ်ပဲ ပြောရမလား။တစ်နေကုန် အပြေးအလွှား ပင်ပန်းနေခဲ့တာ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိ ဧကရီ အိပ်ပျော်သွားခဲ့သည်။

"မရေ မ ထတော့"

ငယ့်ရဲ့ အသံ နားထဲ တိုးဝင်လာတာကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ငယ်က လူနာခန်းထဲက ဆိုဖာခုံပေါ်မှာ ထိုင်နေပြီး ဧကရီကို သူ့ပေါင်ပေါ်မှာ တင်ထားကာ ရင်ဘတ်ပေါ် မှီအိပ်လို့ အဆင်ပြေမယ့် အနေအထားမျိုး ထားထားပေးတာမို့ ဧကရီ ပို၍ အိပ်ပျော်နေခဲ့ခြင်းပင်။

သို့ပေမဲ့ ဧကရီ အတွက်သာ အဆင်ပြေသည်။ဧကရီ အိပ်နေတဲ့ တစ်လျှောက်လုံး ငယ်ကဘအခုလို ထိုင်နေရတာဆိုတော့ ဧကရီ ချက်ချင်း ထလိုက်ဖို့ လုပ်တော့ ဧကရီ ခေါင်ကို ပုခုံးပေါ် ပြန်ဆွဲမှီနေစေသည်။

"မ ရယ် အဲ့လို ထ လိုက်လို့ မဖြစ်ဘူးလေ ခေါင်းတွေ မူးသွားမှာမို့ ဖြည်းဖြည်းချင်း ထ"

လမင်းအိန္ဒြာ စိုးရိမ်တကြီး ပြောလိုက်တော့ စကားနားထောင်တဲ့ မ က ဖြည်းဖြည်းချင်း ထကာ သူ့ကို စိုက်ကြည့်လာသည်။

"မ ဘာဖြစ်လို့လဲဟင် ငယ့် မျက်နှာမှာ တစ်ခုခု ပေနေလို့လား"

"ငယ့်မျက််နှာမှာ မနက်ခင်း မျက်နှာမသစ်ရသေးတာတောင် ချောမောနေမှုကြီးပဲ ရှိတယ် မ ကြည့်နေတာက ငယ့်ကို စိတ်တိုသလို စိတ်လည်း ပူသွားလို့"

"ပြောပြပါဦး ငယ့်ရဲ့ မ က ဘာတွေ စိတ်တိုနေတာ စိတ်ပူတယ်ဆိုတာရော"

"မ အိပ်လို့ရအောင် ငယ်က အခုလိုကြီး တစ်ညလုံး ထိုင်နေခဲ့ရတာ တစ်ကိုယ်လုံး ကိုက်ခဲနေတော့မှာပေါ့လို့ ပြီးတော့ အမှန်တိုင်း ပြော ငယ် တစ်ညလုံး မအိပ်ခဲ့ဘူးမလား"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-2)Hikayelerin yaşadığı yer. Şimdi keşfedin