Part-22

4.2K 294 16
                                    

( Unicode )

မေ့လဲသွားရုံမျှသာ ဒဏ်ရာကြီးကြီးမားမား မဟုတ်သည်ကြောင့် နောက်နေ့ ဆေးရုံဆင်းရန် လမင်းအိန္ဒြာပဲ ဂရုစိုက်ပြင်ဆင်လိုက်သည်။

အိမ်သို့ ကားမောင်းပြန်လာသည့်လမ်းတစ်လျှောက် ပုံမှန်ထက် သတိထားနေပုံပေါ်သည့် ငယ်ကြောင့် အားလည်း နာမိသလို သဘောလည်း ကျနေမိသည်။

"မ အခုရက်ပိုင်း ဆေးရုံမသွားပါနဲ့လား နောက်လည်း ထိခိုက်တာမျိုး မဖြစ်စေရအောင်လို့ ငယ် အခြေအနေတွေ အရင်ကြည့်ထားမလို့"

"ဟုတ်ပါပြီ ငယ်ရဲ့ ဟူးး ငယ် အလုပ်သွားရင် အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့မှာပဲ"

"ဘယ်သူပြောလဲ တစ်ယောက်တည်းလို့"

"ဟင် ဘာကိုလဲ ငယ်"

"မပြောဘူး အိမ်ထဲ ရောက်ရင် သိမှာမို့ လာ အိမ်ထဲ ဝင်မယ်"

လမင်းအိန္ဒြာ ပြောနေတာတွေ နားမလည်ဖြစ်နေတာကြောင့် ဧကရီ အိမ်ထဲသာ ဝင်လာခဲ့လိုက်သည်။

"ခေါင်းဆောင် ရောက်လာပါပြီလား"

အိမ်ထဲ ဝင်ဝင်ချင်း မမြင်ဖူးသည့် သူက ငယ့်ကို ရိုရိုသေသေ ခေါင်းဆောင်ဆိုပြီး နှုတ်ဆက်နေတာမို့ ငယ့်ကို လှမ်းကြည့်လိုက်တော့ ပြုံးကာ မိတ်ဆက်လာပေးသည်။

"မ ဒါက ကံဦးစံတဲ့ အခုကစပြီး မ ရဲ့ ကိုယ်ရံတော်ပဲ ငယ် အလုပ်သွားလို့ မရှိတဲ့အချိန် နောက်အဖော်တစ်ယောက်လည်း ထပ်ရတာပေါ့"

"နောက်တစ်ယောက်ဆိုတော့ ရှိသေးတာလားဟင်"

-ဝုတ်- -ဝုတ်-

ဧကရီ မေးနေချိန်မှာပဲ အထဲမှ ပြေးကာ အနားကို ရောက်လာတဲ့ အမွှေးရွှေရောင်တို့ဖြင့် ခွေးလေး။

"င..ငယ် ဒါက.."

"မ ပဲ ခွေးမွေးချင်တယ် မ ဒီအမျိုးလေးတွေ ကြိုက်တယ်ဆိုပြီး တစ်ခါ ပြောဖူးတာနဲ့ ဒါလေးပဲ"

"ငယ် ကျေးဇူးတင်ပါတယ်နော် မ အရမ်း ခွေးလေး မွေးချင်နေတာ အိမ်မှာကျ ပါးပါးတို့အတွက် ပင်ပန်းစေမှာစိုးပြီး မပြောဘဲ နေနေခဲ့တာ"

"မ ပျော်တယ်ဆိုရင် ငယ် ဖြည့်ဆည်းပေးရတာ ကျေနပ်တယ်"

"အကောင်ပေါက်လေး မဟုတ်တော့လည်း ကောင်းပါတယ် ဟီးဟီး"

မမသည်သာ ကလေးအချစ်ဆုံးလူသား(season-2)Where stories live. Discover now