Love Cafe ( Part- 1 Unicode)

146 23 2
                                    


​တောင်​ကိုရီးယား၏ မိုး​လေဝသသည်​ အစိုးမရ . . .။

တစ်​မနက်​ခင်းလုံး ​နေသာပြီးသည့်​နောက်​
မထင်​မှတ်​​သော အချိန်​တွင်​ ညို့မှိုင်းလာသည့်
​ကောင်းကင်​နှင့်အတူ ခနအတွင်း
အငြိုးကြီးစွာ ရွာချ​သော မိုး​ကြောင့်
ဘတ်​စ်​ကားမှတ်​တိုင်​​အောက်​ ​ပြေးဝင်​ရင်း
မိုးခိုလိုက်​ရသည်​ ။

အ​နောက်​​တောင်​မုတ်​သုံ​လေက
အား​ကောင်းစွာ တိုက်​ခတ်​​သေးသဖြင့်
လူက ချမ်းစိမ့်စိမ့်​ ။

" ​ကောင်း​ရောကွာ...
အဲ့လိုမှန်းသိ အတန်းမ​ပြေးပါဘူး "

သူမ​ကျေမနပ်​ဖြစ်​​သည့်တိုင်​ မိုးက​တော့ မရပ်​​သေးပါ။

ပို၍သည်းထန်​လာဟန်​ရှိ​သော ​ကောင်းကင်​
အ​ခြေအ​နေကို ကြည့်ရင်း
ပို၍ လုံခြုံ​သော ​နေရာတစ်​ခုကို
ရှာ​ဖွေရန်​ ဆုံးဖြတ်​၍ ဟို သည်​ သို့
ကြည့်ပြီး​နောက်​ ကားမှတ်​တိုင်​နှင့်
မလှမ်းမကမ်းတွင်​ရှိ​သော Cafeတစ်​ခုသို့
သူ​ပြေးသွားလိုက်​သည်​ ။

​နောက်​​နေ့​တော့ ထီးယူမှပါ​လေ ...။

ဆိုင်​တံခါးကို တွန်းဝင်​လိုက်​​သောအခါ
တံခါးအတွင်းဘက်​ရှိ ​ခေါင်း​လောင်း​လေးက
မိုးသံ​လေသံများကြားထဲတွင်​
တချွင်​ချွင် မြည်​သွားသည်​ ။ 

​နေ့လယ်​မကျ ည​နေမကျ အချိန်​ဖြစ်​​သော​ကြောင့်
ဆိုင်​ထဲတွင်​ လူရှင်း​နေပြီး သူ့လိုမိုးခိုသူ
အနည်းအကျဉ်းသာ ရှိသည်​ ။

​ထောင့်ကျ​သော စားပွဲဝိုင်းတစ်​ခုသို့
သူမသွားမီ ​ကောင်​တာတွင်​​ကော်​ဖီနှင့်
မုန့်တစ်​ခုခုမှာရန်​ ဆုံးဖြတ်​လိုက်​သည်​ ။

မိုးမိလာ​သော်​လည်း ​ကော်​ဖီအပူ
မနှစ်​ခြိုက်​သည့်သူ​​, ​ရွေးမိသည်​က
" Ice Coffee "တစ်​ခွက်​သာ ။

စားပွဲသို့​ရောက်​​သောအခါ လွယ်​အိတ်​ထံမှ
စာအုပ်​အချို့ကိုထုတ်​ရင်း အ​ခြောက်​ခံပြီး
ဆံပင်​တွင်​ တွယ်​ကပ်​​နေ​သော ​ရေစက်​အချို့ကို
လက်​နှင့်ခါချလိုက်​သည်​ ။

​သူ့ဆီအာရုံ​ရောက်​​နေ​သော
ဝန်​ထမ်းမ​လေးတစ်​​ယောက်​အား သူပြုံးပြရင်း
​အတန်းထဲကျန်​ခဲ့သည့် ​ရောင်းရင်းတို့ဆီ
စာပို့ရန်​ ဖုန်းကိုဖွင့်လိုက်​သည့်အခါ
မှာထား​သော ​သောက်​စရာနှင့်မုန့်အချို့က
ကွက်​တိ​ရောက်​လာသည်​ ။

Love Cafe | Completed✔ |Where stories live. Discover now