တိုက်ဆိုင်မှုဟု အမည်တပ်ကြသော
တွေ့ဆုံခြင်းတို့အား တစ်ခါတစ်ရံတွင်
ဖန်တီးယူရ တတ်သည်ဖြစ်သောကြောင့်
သူ့စိတ်အာရုံပျော်မွေ့ရာ ထိုCafeသို့
Minhyungမကြာခဏဆိုသလိုပင်ရောက်ခဲ့သည် ။ထိုအခါ သတိထားမိသော ပတ်ဝန်းကျင်က
ဤသို့နှယ် သွေးတိုးစမ်း၏ ။" ကျောင်းက ပါမောက္ခတွေအားလုံး
Paradise Cafeထဲ ရောက်ကုန်ကြတာလား ""ငါထင်တာကတော့ ဘတ်စ်ကားဂိတ်ကြီးက
ဆိုင်ထဲ ဝင်သွားတာထင်တယ် ..
တစ်ချို့ဆို ကားစောင့်တယ်ဆိုပြီး အဲ့ဒီCafeထဲ
ဝင်သွားတာ ပြန်ကိုထွက်မလာဘူး "သူမကြား ကြားအောင် ပြောရင်း တခွိခွိရယ်နေကြသော ပတ်ဝန်းကျင်ဆီသို့ အကြည့်စူးစူးတစ်ချက်
ပစ်လွှတ်ရင်း စာအုပ်တစ်အုပ်ကို
ကောက်ကိုင်လိုက်သည် ။" စာအုပ်က ပြောင်းပြန်ကြီး Hyung "
အရိပ်အကဲ မကြည့် မြင်တာပြောလိုက်သော
Renjunကြောင့် ကြိတ်ရယ်သံများက
ထွက်လာပြန်သောကြောင့်Minhyungမျက်နှာက
ပို၍စူပုတ်လာသည် ။မသိချင်ယောင်ဆောင်ပြီး ဂိုက်ဖမ်းပါတယ်ဆိုမှ
တရုတ်ပေါက်က ငါ့ကိုအရောက်ပို့နေတယ် ...အတန်းချိန် နှစ်ချိန်လောက်လစ်မိတာက
ပြသနာမရှိ ...သို့သော် ရင်အေးစေသည့်
မျက်နှာလေးကို မမြင်ရခြင်းက တစ်နေ့တာကို
မပြည့်စုံသလို ခံစားရသည် ။တစ်ပါတ်ကို သုံးခါမျှရောက်သော်လည်း
ကံကောင်းမှသာ Lee Taeyongကို
ကျွန်တော် တွေ့ရတတ်သည် ။ခင်မင်မှု၏ အကျိုးဆက်ဖြင့် ကြာသာပတေးနေ့
ညနေခင်းတိုင်း ဆိုင်တွင် သူရှိနေတတ်ကြောင်း
သိပြီးနောက် အိမ်နှင့် နှစ်မှတ်တိုင်စာမျှဝေးသော
ကျောင်းရှေ့သို့ ချောင်းပေါက်မတတ်
ခရီးနှင်ခဲ့ရလေတော့သည်တကား...။ကိတ်မုန့်ထက် Baker ကို စွဲလမ်းခြင်းက
မူမမှန်သည်ကို သိသော်လည်း
လက်တွေ့တွင် ကိုယ်တိုင်ကကျေနပ်နေမိသည်။
YOU ARE READING
Love Cafe | Completed✔ |
Fanfictionမိုးစက်မိုးပေါက်များ မြေပေါ်သို့ သက်ဆင်းလာသော တစ်နေ့တွင် ~