တနင်္ဂနွေ နေ့ရဲ့ ညနေခင်းတစ်ချို့မှာ
အသက်ရှုကြပ်ရခြင်း
အကြောင်းပြချက်တွေကို
ကိုယ်ဖြေရှင်းနိုင်ခြင်း ရှိ..မရှိ...တွေ့ရင်တော့ ပြောပြချင်မိတယ်..
ချမရေးဖြစ်တဲ့ ဒိုင်ယာရီတွေရဲ့
ကျောဖက်မှာ ပြုံးတုံ့တုံ့ငေးနေတတ်တဲ့
မျက်လုံးလေးတွေကို သတိရမိတဲ့
အကြောင်း...အဓိပ္ပါယ်မရှိ ဟာလာဟင်းလင်းနိုင်တဲ့
ထောင့်ဆုံးက စားပွဲခုံလေးနဲ့
အကြောင်းမဲ့ လှည့်ကြည့်မိတဲ့
ခြေသံတစ်ချို့....ဝမ်းနည်းစရာကောင်းတာကတော့
ကိုယ့်စိတ်ကို ကိုယ်မသိခဲ့တာပဲ ...မင်းမျှော်နေလိမ့်မလားလို့ ကိုယ်ချင်းမစာ
မတွေးတတ်တဲ့ ဒီလူက ခြေတစ်လှမ်း
နောက်ကျတဲ့ အနေအထားနဲ့ မိုးရေတွေကြားထဲ
အပြေးလာခဲ့မိတယ်ဆို ယုံဦးမလား..လူတွေအများကြီးရှိနေတဲ့ လေဆိပ်မှာ
မင်းကိုမတွေ့နိုင်တော့ဘူးဆိုတာ မယုံလို့
ကိုယ်လိုက်ရှာခဲ့သေးတာ...ကံတရားတွေ ဖူးစာတွေ ...
ထားစမ်းပါ...တကယ်တော့
မင်းမရှိရင် အဲ့ဒါတွေက အရေးမပါဘူး..နောက်ကျပေမယ့်လည်း လောဘကြီးတဲ့
ကိုယ်က ဝန်ခံချင်သေးတယ်..
အင်း... မင်းမုန်းသွားတော့လည်း ကံပဲ... ။ဖြူဖွေး၍အဆုပ်လိုက် ပြန့်ကျဲနေသော
တိမ်စိုင်တိမ်ခဲများကိုလေယာဉ်ပြတင်းမှတစ်ဆင့်
မြင်ရသည်။သူ့အတွေးတို့သည်လည်း တောင်စဉ်ရေမရ
ပြန့်ကျဲလျက်ရှိသည် ။မကြာခင်ဆင်းသက်ပါတော့မည်ဟု ကြေငြာသော
လေယာဉ်မယ်လေး၏ အသံနောက်တွင်
တဒိန်းဒိန်း ခုန်လှုပ်စပြုနေသော
နှလုံးခုန်သံ အချို့ ကပ်ငြိပါသွားဟန်..
အသက်ကို ခပ်ပြင်းပြင်းရှူထုတ်မိသည် ။မင်းသိပ်ချစ်တဲ့ မွေးရပ်မြေကိုတော့
ခြေချရပြီ... Minhyung..
ကိုယ်တို့ဘယ်အချိန်ဆုံကြမလဲ...
YOU ARE READING
Love Cafe | Completed✔ |
Fanfictionမိုးစက်မိုးပေါက်များ မြေပေါ်သို့ သက်ဆင်းလာသော တစ်နေ့တွင် ~