## Unicode
ကားလေး ကျောင်းရှေ့တွင် ရပ်လိုက်သည်ဆိုလျှင်ပဲ
ယံလေးတစ်ယောက် ကျောင်းတံခါးပိတ်မည်မို့ မိမိအခန်းရှိရာသို့ အပြေးလေးသွားနေရင်း.." အ့...သွားပြီ နောက်ကျနေပါတယ်ဆို.."
ယံလေး မိမိနှင့်တိုက်မိသည့်လူကို အကြည့်မပို့သေးဘဲကျသွားသည့်စာအုပ်တို့ကို ကောက်နေရင်း စိတ်ပျက်စကားဆိုလိုက်ပြီးမှ...
" ဘာဖြစ်သွားသေးလဲ ညီလေး..."
ကြားလိုက်ရတယ့် အသံသြသြလေးကြောင့်
ယံလေး မော့ကြည့်မိတော့.." အသံလေးကလဲ သြသြရှရှလေး..
အကြည့်တွေကလဲ တည်ငြိမ်ပြီး ခန့်ညားလိုက်တာ
ဘယ်သူများပါလိမ့်..."ယံလေးတစ်ယောက် မှင်သက်ငေးမောမိပြီး..
စွံ့အနေမိသည်မှာ အချိန်ကာလအတော်အတန်ပင်ကြာရော့မည်..." ဟိတ်...ဟေး...
.ကိုယ့်ကိုငေးနေတာလေးရပ်ပြီး...
ထမင်းချိုင့်လေးယူအုန်းလေ............"မိမိအရှေ့မှ အကိုက သတိပေးသလိုလေးဆိုလာတာကြောင့်..
ထိုအကိုကမ်းပေးလာတယ့် ထမင်းချိုင့်လေးကို
တစ်ဆင့်ပြောင်းယူလိုက်ရင်း.." ဟို ကျွန်တော်
ဒီနေ့ကျောင်းလာတာနောက်ကျနေလို့ အမြန်ပြေးလာရင်း အကို့ကိုမတော်တဆတိုက်မိတာအတွက်တောင်းပန်ပါတယ်ဗျ.."" အာ..မဟုတ်တာ..
ရပါတယ် ညီလေးရ..."" ဟုတ်အကို ..ဒါနဲ့ အကို့နာမည်က.."
" အကို့နာမည်က ရဲသွေးနိုင်
၁၀တန်း (A)ခန်းက..နောက်တစ်ခါထပ်မချော်လဲအောင်မပြေးနဲ့တော့နော်...ဆရာမခေါ်ထားတာနောက်ကျတော့မှာမို့ အကိုသွားပြီ.."" နာမည်လေးကရဲသွေးနိုင်တဲ့လား..
နာမည်လေးတည်ငြိမ်သလို လူလေးကလဲ ခန့်ညားလိုက်တာ..ဟိုက်..ငါလဲဘာဖြစ်သွားတာပါလိမ့်.."ယံလေးတစ်ယောက် အတွေးကမ္ဘာထဲနစ်မြောနေမိပြီးမှ...
" အ...အ...အကို
နေ..နေပါအုန်း..."အထစ်ထစ်အငေါ့ငေါ့အံကျလာသည့်စကားတို့အားကျောင်းဂိတ်၀နားပင်ရောက်တော့မည့် ရဲသွေးတစ်ယောက်ကြားနိုင်မည်မဟုတ်တော့ပေ...။