No Reason:အကြောင်းပြချက်မရှိ

41 4 3
                                    

##Unicode

တိမ်ပြာပြာတို့ဖြင့် လှချင်တိုင်းလှနေသည့်
ကောင်းကင်ကြီးအောက်...

လုံး၀န်းသော နေမင်းကြီးအား ကျောပေးလျက်..
မတ်တပ်ရပ်နေသည့် အရပ် ၅ပေ ၇လက်မမျှသာ ရှိသော ဖြူနုနုလူသားလေးတစ်ဦး...

သေးသွယ်လှသည့် ခန္ဓာကိုယ်အချိုးအစားလေးထက် 
အပြာနုရောင် ဟာ၀ိုင်အီအင်္ကျီအပွလေးနှင့် Jean pantလေးဟာ လိုက်ဖက်ညီစွာ နေရာယူလျက်ရှိသည်..။

ထိုလူသားလေး၏ ရှေ့၀ယ်....

style pant အမည်းရောင် နှင့် Shirt အဖြူလေးကို အပေါ်ကြယ်သီး ၂လုံးဖြုတ်ကာ..
အထာကျကျ၀တ်ဆင်ထားသည့်...
အသက် ၃၂ နှစ်အရွယ် ယောကျ်ားသားတစ်ဦး...

ကြယ်သီး မတပ်ထားသည့် အင်္ကျီ၏ လစ်ဟာနေသည့်နေရာမှ တစ်စွန်းတစ်စ မြင်နေရသည့်ရင်ဘတ်အစုံဟာလဲ.
အားကစားလိုက်စားသူ ပီသစွာ ကျစ်လျစ်နေသည်မှာ
ဖြူနုနု လူသားလေး၏ အကြည့်တို့အား
ဖမ်းစားထားလေ၏..။

မိမိရှေ့မှ ထိုယောကျ်ားသားအား..
ငေးကောင်းကောင်းနှင့် ငေးနေမိတုန်း...
ထိုလူသားဟာ မိမိရှေ့၀ယ် ဒူးထောက်ချလာရင်း..

၀တ်ဆင်ထားသည့် Style pant အနက်ရောင်လေး၏ အိတ်ကပ်မှ အရာ၀တ္ထုတစ်ခုအား ထုတ်ယူလိုက်ပြီး..

" ကိုယ့် ကို လက် ထပ် ခွင့် ပြု နိုင် မ လား
   ကလေး ငယ်.."

ထိုလူသား၏ အမေးစကားအား ပြန်မဖြေနိုင်သေး...

မိမိရှေ့မှ အရောင် တလက်လက် တောက်နေသော
စိန်လက်စွပ် လေးအား တွေတွေလေးငေးကြည့်နေမိရာ

မိမိမျက်၀န်းတို့မှ တစ်ဆင့် ပါးပြင်တစ်လျှောက်
မျက်ရည်စတို့ဟာ အသွင်သွင် စီးကျ လာလေပြီး..

ကျွန်တော့ စိတ် အစုံ ဟာလဲ  ဟိုး အတိတ် အချိန်ကာလများဆီသို့......

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

" လင်းသုရေ......လင်းသု...."

ဟော...လာပါပြီ..
အိမ်ရှေ့အပေါက်၀ကနေတည်းက
ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ကျွန်တော့နာမည်ကို
တကြော်ကြော်အော်ရင်း  အိမ်ထဲ၀င်လာသည့်
ကျွန်တော့သူငယ်ချင်းကြီး....မင်းခန့်...

One Shot CollectionWhere stories live. Discover now