##Unicode
" ငါ မင်းကို စိတ်၀င်စားတယ်..
ငါတို့တွဲကြည့်ကြမလား..ဇွဲ.."" ok လေ..အဲ့ဒါဆိုလဲ
ငါတို့တွဲကြည့်တာပေါ့..ရိပ်"ဒီလိုနဲ့ စခဲ့တယ့် ကျွန်တော်တို့၂ဦးရဲ့ဇာတ်လမ်းလေး...
ပထမဆုံး တက္ကသိုလ်စတက်တယ့်ရက်..
ကျောင်းသားကဒ်မေ့ခဲ့၍ အဆောင်ပြင်ထွက်နေခဲ့ရသည့်
ကျောင်းသားများအနက်..လည်ကတုံးအမည်းရောင် လက်ရှည်အင်္ကျီကို
လည်ပင်းထိ ကြယ်သီးအစေ့တက်ထားပြီး..
ယောပုဆိုး အမည်းရောင်နှင့် တွဲဖက်၀တ်ဆင်ထားသူ
မည်းနက်သည့် ပိတုန်းရောင် ဆံစတို့အား gel အကူအညီဖြင့် အပြောင်သပ်တင်ထားသည့်သူထိုလူသားဟာ ကျွန်တော့ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး..
သူ့ကိုယ်သူ မိတ်ဆက်လာသည်ကား..." ငါ့နာမည် ဇွဲသွေး...
ငါတို့ သူငယ်ချင်း လုပ်ကြမလား.."ဟူ၍သာ...
ကျွန်တော်လဲ ကျွန်တော်ကိုယ်တိုင်ပင် မသိလိုက်မိဘဲ ထိုလူသား၏ စကားအားခေါင်းငြိတ်မိလိုက်သည်ထင်ပါရဲ့..
ထို ဇွဲသွေးဆိုသည့်လူသားဟာ ကျွန်တော်ထိုင်နေသည့် နေရာဘေးသို့ အတင်း၀င်ထိုင်လိုက်ရင်း..
" မင်း နာမည် မပြောရသေးဘူးလေ.."
ဆိုပြီး အမေးပြုလာသည်မို့..
ကျွန်တော်လဲ မူပိုင်အပြုံးလေးကို မျက်နှာထက်ချိတ်ဆွဲရင်း ညာဘက်လက်လေးအားကမ်းပေးကာ." ငါ့နာမည်က လရိပ်..
ခုကစပြီးခင်ခင်မင်မင်နေသွားကြတာပေါ့..ဇွဲသွေး.."ကျွန်တော်တို့ ၂ဦး လက်တွဲနှုတ်ဆက်ကြရင်း..
ရင်းနှီးမှု ရယူလိုက်ကြမိသည်..။ ။ထိုနေ့က ကျွန်တော်သိလိုက်ရသည်က..
ဇွဲဟာ သူ၏ ၀တ်ပုံစားပုံနှင့်မလိုက်အောင်ကို ကလေးဆန်သည်ဟူ၍ပင်......အဆောင်ထဲလဲ မ၀င်ရမည့်အတူ ကျွန်တော်တို့၂ယောက်အတူ အတန်းလစ်ပြီး
canteen မှာ Game ကစားခဲ့သည်ကတော့
သူနှင့်ကျွန်တော့ကြားက အမှတ်တရလေးတစ်ခုပေါ့ဗျာ..Gameကစားသည့်အခါတွင် ရှုံးသွားသည့်အခါတိုင်း
ဆူထော်တတ်တယ့် ဇွဲ၏ နှုတ်ခမ်းချွန်ချွန်လေးအား ကြည့်ခြင်းဖြင့်လဲ သူ၏ ကလေးဆန်မှုကို သိနိုင်ကောင်းသိနိုင်ပါ၏..။ ။