လေရောမိုးပါထန်နေတဲ့ ညတစ်ည ~~~
လရောင်မဲ့ပြီးအမှောင်ထုကလွမ်းခြုံထား
သည့်အပြင် အေးစက်တဲ့မိုးရေစက်တွေ
ကြားမှာ အရှိန်ပြင်းသည့်မြှားတစ်စင်းနှယ်
တရှိန်းထိုး ပြေးလွှားနေခဲ့သည့် တစ်စုံတစ်
ယောက်........ဂျိမ်း !
လျှပ်ရောင်တစ်ချက်လက်အပြီးမှာ ကျယ်လောင်လွန်းတဲ့ မိုးခြိမ်းသံကြောင့် အနက်ရောင် ဝတ်ရုံကြီးအောက်က ခန္ဓာကိုယ်ဟာ
တစ်ချက် တုန်ခါသွားခဲ့ရပေမယ့် ခြေလှမ်း
တွေက အရှိန်အနည်းငယ်မှ လျော့ပါးသွားခဲ့ခြင်းမရှိပဲ ပြန်လည်မှောင်မိုက်သွားတဲ့ အမှောင်ထုထဲကို တိုးဝင်ပြေးလွှားကာ ပျောက်ကွယ်သွားတော့သည်။မကြာမီ အချိန်အတွင်းမှာပဲ ထိုနေရာကို အနက်ရောင် မျက်နှာဖုံးစွပ် လူတစ်စုရောက်
လာခဲ့သည်။ တစ်ချက် တစ်ချက် လက်ကနဲဖြစ်သွားတဲ့ လျှပ်ရောင်တွေအောက်မှာ မြင်
ရပုံအရ လူတစ်စုဆိုသည်ထက် ထူးဆန်းတဲ့
မျိုးနွယ်စုတစ်ခုလို့ ပြောရရင်ပိုမှန်ပေလိမ့်မည်။အနက်ရောင် ဓားကောက်ကြီးတွေကိုခါးမှာချိတ်ဆွဲထားကြပြီး အလွန်ရုပ်ဆ်ိုးသော ခေါင်စွပ် မျက်နှာဖုံးကြီးတွေကို ဝတ်ဆင်ထားကြပုံ
က တော်ရုံအသည်းငယ်သူတစ်ယောက်သာ
အခုလိုအချိန်မှာ သူတို့နဲ့မျက်နှာချင်းဆိုင်မိရင် ထိတ်လန့်ပြီးအသက်ပျောက်သွားနိုင်လောက်သည်။' ဟေး.... တွေပြီလား '
ခေါင်းဆောင်ဖြစ်ဟန်တူသူက မေးလိုက်တော့ ကျန်တဲ့သူတွေအားလုံးက ခေါင်းခါပြလိုက်ရင်း ပြိုင်တူဖြေလိုက်ကြသည်။
' မတွေ့သေးပါဘူး..... '
' သူဒဏ်ရာရထားတာမို့ အဝေးကြီးပြေးနိုင်မှာ မဟုတ်ဘူး လူခွဲပြီးသေချာရှာကြ လုံးဝ
လွတ်မသွားစေနဲ့ ဒီည သူ့ကိုအပြတ်မရှင်းနိုင်ရင် မနက်ဖြန် မင်းတို့ခေါင်းတွေအကုန် တောခွေးစာဖြစ်ပြီမှတ်ထား နားလည်လား '' နားလည်ပါတယ် '
အားလုံး သံပြိုင်အဖြေပေးလို့အပြီးမှာ ၂ ယောက်တစ်တွဲစီခွဲ၍ အရပ်လေးမျက်နှာ အနှံ့ အပြေးအလွှားတိုးဝင်ပျောက်ကွယ်သွား
တော့သည်။
YOU ARE READING
FanfictionUnicode ဒီဇာတ်လမ်းလေးကို ၁၀၀ % စိတ်ကူးယဥ်ဖန်တီးရေးသားမှုသာဖြစ်တာကြောင့် အကြောင်းအရာလွဲမှားမှုနဲ့လိုအပ်ချက်များရှိခဲ့ရင် ကိုယ့်ရဲ့မပြည့်စုံမှုလေးလို့ပဲသဘောထားပြီး နားလည်ပေးကြပါ။ကိုယ်ချစ်တဲ့လူသားတွေကို ကိုယ်မြတ်နိုးတဲ့စာရေးခြင်းနဲ့အတူ အမှတ်တရတစ်ခုအဖြ...