ကျန်းအိမ်တော်ရဲ့ ကြိုဆိုမှုကား ထင်ထား
သည်ထက်ပိုမိုနွေးထွေးသလိုခံစားရစေ
သည်။ ပန်းအလှအပတို့ အရောင်အဆင်း
အမျိုးအစားစုံလင်စွာ ပွင့်ဖူးကြတဲ့တောင်
တစ်ခုရဲ့ အလည်ချိုင့်ဝှမ်းကြားမှာ စနစ်တကျ
တည်ဆောက်ထားသည့် ကျန်းအိမ်တော်ဟာ
မြို့တော်နဲ့ မဝေးလှပေမယ့်လဲ နီးကပ်မနေပဲ
သီးခြားတည်ရှိနေသော်လဲ နာမည်ကြီးနေရ
သည့်အကြောင်းရင်းကို ကိုယ်တိုင်သိရှိလိုက်ရတော့သည်။' ကုန်းသခင်လေး ကြွပါ... '
သူ့အတွက်ပြင်ဆင်ထားပေးတဲ့ နေရာမှာဝင်ထိုင်လိုက်ပြီး ကျူးကျူးကို တစ်ချက်လှမ်းကြည့်မိတော့ မလှမ်းမကမ်းမှာ နေရာချထား
ပေးတာကိုမြင်လိုက်ရတာမို့ စိတ်သက်သာရရသွားရသည်။' ကောင်မလေး သခင်ကြီးကို သွားခေါ်လိုက်
ကုန်း သခင်လေးရောက်နေပြီဆိုတာ အသိပေးလိုက်တော့ 'အိမ်တော်ထိန်းဖြစ်ဟန်တူသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးက အမိန့်ပေးလိုက်တော့
အစေခံမိန်းကလေးက တစ်ချက်ဦးညွှတ်ပြီး
အခန်းထဲမှပြန်လည်ထွက်ခွာသွားတော့သည်။' ကုန်းသခင်လေး ကျွန်တော်က ဒီကျန်းအိမ်တော်ရဲ့ အိမ်တော်ထိန်းပါ ဝူရှီးလို့ ခေါ်ပါတယ်။ နောက်သခင်လေး တစ်ခုခုလိုအပ်တဲ့
အခါ ကျွန်တော့်မျိုးကို အသိပေးပါ 'လက်နှစ်ဖက်ကို ရိုသေစွာယှက်ပြီး နှုတ်ဆက်လာတဲ့ အိမ်တော်ထိန်းဝူ ကို သူ ခပ်ပြုံးပြုံးပဲပြန်ကြည့်လိုက်ပြီး...
' သက်သောင့်သက်သာပဲနေပါ အိမ်တော်
ထိန်းဝူ ကိစ္စမရှိပါဘူး '' ကုန်းသခင်လေး '
တည်ငြိမ်တဲ့ခေါ်သံနဲ့အတူ အခန်းဝကတစ်လှမ်းခြင်း လျှောက်ဝင်လာတဲ့ သက်ကြီးပိုင်း
အမျိုးသားတစ်ဦးကိုတွေ့တော့ သူ ချက်ချင်း
သိလိုက်မိတာက ဒါဟာ ကျန်းအိမ်တော်ရဲ့ သခင်ကြီး ကျန်းယန့်လီ .....' သခင်ကြီး '
' ရောက်လာပြီလား အားကျွင်း.....'
အားကျွင်း ဆိုတဲ့ခေါ်သံကြောင့် သူ့မျက်နှာပေါ်ကအပြုံးတွေခဏတာပျောက်ကွယ်သွား
ပေလိမ့်မည်။ကျူးကျူးရဲ့ စိုးရိမ်ပူပန်နေတဲ့
အကြည့်ကိုမြင်တော့မှ နှုတ်ခမ်းတွန့်ရုံပြန်ပြုံး
ပြလိုက်ပြီး ကျန်းသခင်ကြီးကို ရိုသေစွာနှုတ်
ဆက်လိုက်ရသည်။
YOU ARE READING
FanfictionUnicode ဒီဇာတ်လမ်းလေးကို ၁၀၀ % စိတ်ကူးယဥ်ဖန်တီးရေးသားမှုသာဖြစ်တာကြောင့် အကြောင်းအရာလွဲမှားမှုနဲ့လိုအပ်ချက်များရှိခဲ့ရင် ကိုယ့်ရဲ့မပြည့်စုံမှုလေးလို့ပဲသဘောထားပြီး နားလည်ပေးကြပါ။ကိုယ်ချစ်တဲ့လူသားတွေကို ကိုယ်မြတ်နိုးတဲ့စာရေးခြင်းနဲ့အတူ အမှတ်တရတစ်ခုအဖြ...