ချန်အန်းမြို့တော်က လွန်စွာစည်ကားလှပေ၏။ မြို့လည်လမ်းမကြီးထက်မှာ အစား
အသောက်ဆိုင် အဝတ်အထည်ဆိုင်ကြီးတွေ
များစွာရှိသည့်အပြင် မျက်စိတဆုံးကြည့်မဆုံးနိုင်တဲ့လမ်းဘေးစျေးသည်များရဲ့ အမျိုး
စုံသော စျေးဆိုင်ငယ်လေးတွေကိုလဲမြင်တွေ့ရပြန်သည်။' သခင်လေး.... ဒီမှာ ရေ ရပါပြီ '
အပြာနုရောင်ဝတ်စုံနဲ့ မိန်းကလေးက အကြမ်း
ပန်းကန်တစ်လုံးကို ခရားထဲကရေတစ်ချို့
ထည့်ကာ သေချာသန့်စင်ပြီးမှ စားပွဲပေါ်ချပေးရင်း သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အဖြူရောင်ပိုးသားဝတ်စုံနဲ့လူကို တရို
တသေ ပြောလိုက်တော့ ထိုသူရဲ့ မျက်နှာချောချောက အလိုမကျစွာ တည်တံ့သွားရပြီး
မျက်ခုံးထူထူနှစ်ခုက သိသိသာသာတွန့်ချိုးလို့သွားခဲ့သည်.....' အိုက်ရား ...... ကျူးကျူး ငါမင်းကိုဘာမှာထားလဲ...... သခင်လေး သခင်လေးနဲ့ မခေါ်ပါနဲ့ဆို '
အလိုမကျစွာ စကားပြောလေတိုင်း ချောမောခန့်ငြားတဲ့ရုပ်ရည်နဲ့မှမလိုက် နှုတ်ခမ်းပါးလေး ခပ်ထော်ထော်ဖြစ်လာတတ်တဲ့ သူမရဲ့
သခင်လေးကိုကြည့်ပြီး ကျူးကျူး တစ်ယောက် ဟန်မဆောင်နိုင်ပဲရယ်လိုက်မိသည်နှင့် ချက်ချင်းဆိုသလို ဆေးခါးတစ်ခွက်လို
ထိတ်လန့်ဖွယ်ကောင်းတဲ့ အကြည့်စူးစူးတွေ
သူမဆီ ဒိုင်းကနဲပို့လွှတ်လိုက်ပြီး....' မရယ်နဲ့ ...... မင်းဟာလေ ဘယ်လောက်ပြော
ပြောမှတ်မထားတဲ့အပြင် ငါ့ကိုပါလှောင်ရယ်
နေသေးတာလား 'သခင်ဖြစ်သူက အလိုမကျသလိုပြောရင်း လက်ကိုပိုက်ကာ အကြည့်တွေကိုတခြားနေရာတစ်ခုဆီ ပို့ထားလိုက်တာကြောင့်
သူမ မနေသာတော့ပဲ ပြန်ချော့ဖို့စဥ်းစားရပြန်
တော့သည်။လှလှကလေးကျစ်ထားတဲ့ ကျစ်ဆံမြီးသေးသေးလေးတွေကို လက်နဲ့ဝှေ့ရမ်းဆော့ကစားရင်း ခေါင်းထဲလက်ကနဲဝင်လာတဲ့အတွေး
တစ်ခုကြောင့်....' သခင်လေး... ရှင်တကယ် ပန်းတောင်ကြား
က်ိုသွားနေမလို့လား.... 'ထိုမေးခွန်းကိုမေးနေရင်း သူမသခင်ရဲ့မျက်နှာကို အာရုံစိုက်ကြည့်နေမိတာမို့ ရုတ်တ
ရက် လေးနက်သွားတဲ့ အကြည့်စူးစူးတွေကို
မြင်လိုက်ရတော့ ကိုယ်လေးပါတွန့်သွားမိပြန်
ပါပြီ...
YOU ARE READING
FanfictionUnicode ဒီဇာတ်လမ်းလေးကို ၁၀၀ % စိတ်ကူးယဥ်ဖန်တီးရေးသားမှုသာဖြစ်တာကြောင့် အကြောင်းအရာလွဲမှားမှုနဲ့လိုအပ်ချက်များရှိခဲ့ရင် ကိုယ့်ရဲ့မပြည့်စုံမှုလေးလို့ပဲသဘောထားပြီး နားလည်ပေးကြပါ။ကိုယ်ချစ်တဲ့လူသားတွေကို ကိုယ်မြတ်နိုးတဲ့စာရေးခြင်းနဲ့အတူ အမှတ်တရတစ်ခုအဖြ...