Unicode
AMAR DE NUEVO
အရင်တုန်းက ၃ယောက်ပဲ တပူးပူးတတွဲတွဲရှိခဲ့တဲ့ ဂျယ်မင်းတို့ သူငယ်ချင်းအုပ်စုမှာ ကျုံချန်းလော့နဲ့ ဂင်ယောင်းဂျူဆိုတဲ့ ဂျူနီယာလေးနှစ်ယောက် ထပ်တိုးလာခဲ့သည်။
ဂျယ်မင်းတို့ နောက်ဆုံးနှစ်၃ယောက်က စာများတာမို့ အရင်ကလို အပြင်ထွက်လည်တာမျိုး သိပ်မလုပ်နိုင်ပေမယ့် အတန်းချိန်ပြီးလို့ ကန်တင်းထိုင်တာမျိုးဆိုရင်တော့ ချန်းလော့နဲ့ ယောင်းဂျူက ကပ်ပါလာတတ်သည်။
ချန်းလော့က အင်ဂျွန်းနဲ့ဆို အမြဲတမ်း တရုတ်လိုပဲပြောတာမို့ ဂျယ်မင်းနဲ့ ဟယ်ချန်းက နားမလည်... ဒါပေမယ့် နှစ်တွေအကြီးကြာ ခင်လာခဲ့ပြီးမှ အင်ဂျွန်း တရုတ်လိုပြောတာကို မြင်ဖူးတာမို့ ဂျယ်မင်းနဲ့ ဟယ်ချန်း သဘောကျမိသည်။
အထူးသဖြင့် ဟယ်ချန်းက အင်ဂျွန်းတရုတ်လိုပြောတာ မြင်ရင် အသည်းယားပြီး ငေးကြည့်နေတတ်သည်။
အင်ဂျွန်းကတော့ တရုတ်ကပြန်လာပြီးကတည်းက အရင်ကထက် ပိုပြီး ငြိမ်ကျသွားသည်။ ဦးလေးဖြစ်သူက သူ့လက်ထဲမှာပဲ ဆုံးသွားတာမို့ စိတ်မကောင်းဖြစ်နေပုံရသည်။ ဒါပေမယ့် ချန်းလော့နဲ့ ယောင်းဂျူကြောင့် နှစ်သိမ့်မှု အများကြီးရခဲ့သည်။
ယောင်းဂျူက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သွက်သွက်လက်လက်ကောင်မလေးတစ်ယောက်ဖြစ်သည်။ အဖေက ပရော်ဖက်ဆာဆိုပေမယ့် မာနကြီးတာ ကြွားဝါတာမျိုးမရှိတဲ့အပြင် နှိမ့်ချဆက်ဆံတတ်တာမို့ ဂျယ်မင်းတို့နှင့် ပိုပြီး ရင်းနှီးလာခဲ့သည်။
ယောင်းဂျူ - "ဒါနဲ့ စီနီယာတို့မှာ ကောင်မလေးတွေ မရှိကြဘူးလား... စီနီယာတို့ကို ကြည့်လိုက်ရင် ဒီ၃ယောက်ပဲ အမြဲတမ်းတွေ့နေရတယ်"
ယောင်းဂျူရဲ့ စကားကြောင့် ဂျယ်မင်းတို့ ၃ ယောက်သား သူ့ဆီ အကြည့်ပို့လိုက်သည်။
အင်ဂျွန်း - "အစ်ကို ရည်းစားမထားဘူးဆိုတာ တစ်ချိန်ကျရင် ကျိန်းသေ တရုတ်ကိုပြန်ရမှာမို့... ချစ်ရတဲ့သူကို အဝေးမှာနာနာကျင်ကျင်မထားခဲ့ချင်ဘူးလေ..."
YOU ARE READING
AMAR DE NUEVO [NoMin]
FanfictionPODEMOS AMAR DE NUEVO? NoMin 1st Book (NoMin 1st Myanmar Mini FanFic) Start Date - 16.7.2021 End Date - 23.7.2021 |Completed|