Unicode
ကျေးဇူးတင်လွှာလေးမရေးခင် အရင်ဆုံး ဒီ fic လေးဖြစ်မြောက်လာပုံကို ပြောပြချင်ပါတယ်။ စာလေး ပိစိလောက် ရှည်မယ်နော်🤏🏻
ဒီ plotလေးကို စပြီးစဥ်းစားမိတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် တကယ်ဖန်တီးမိတာ ဇူလိုင်လစဆန်းပိုင်းမှာမှ စတယ်ပေါ့နော်။
တစ်လုံးစ နှစ်လုံးစရေးလိုက် စိတ်မပါလို့ မရေးလိုက်နဲ့ ဖြည်းဖြည်းချင်းရေးလိုက်တာ အပိုင်း၃ပြီးခါနီးမှာ wattpad မှာ တင်ဖို့ ဆုံးဖြတ်ချက်ကျသွားပါတယ်။
ဆုံးဖြတ်ချက်ကျအောင် အားပေးတဲ့ fb က သူငယ်ချင်းတွေ ကြောင့်လည်းပါတာပေါ့။✌🏻ဒီလိုနဲ့ ဇူလိုင်လ ၁၆ရက်နေ့ကနေ စတင်လိုက်တဲ့ AMAR DE NUEVO လေးက ဇူလိုင်လ ၂၃ရက်နေ့မှာ ပြီးဆုံးသွားပါတယ်။
Merries က fic ဖတ်ရင် spoil မိတာမကြိုက်လို့ fic ရေးတဲ့ တောက်လျှောက်မှာ spoil လုံးဝမပေးခဲ့ပါဘူး။ စာဖတ်သူတွေအနေနဲ့ ပေါ့သွားမှာ စိုးလို့ပါ။
ဒီfic မှာ Intro မရှိသလို Extra လည်းမရှိပါဘူး
ဒါကြောင့် Extra ကိုမမျှော်ကြပါနဲ့။❤ကျေးဇူးတင်လွှာလေးစပါမယ်နော်။
အရင်ဆုံးကျေးဇူးတင်ချင်တာက ကိုယ့်ကိုကိုယ်ပါ။ ဒီလိုပြောလို့ လိပ်ကလေးဆိုပြီး မထင်ပါနဲ့။😂 ဒီ fic လေးက Merries ရဲ့ ပထမဆုံး fic မဟုတ်ပါဘူး။ အရင်တုန်းက တခြား acc နဲ့ ရေးဖူးပါတယ်။ တစ်ဝက်လောက်ရောက်ရင် စိတ်မပါတော့ဘဲ ပျက်ပျက်သွားလို့ပါ။ ရေးခဲ့ဖူးသမျှ fic တွေထဲမှာ ဒါလေးက ပထမဆုံး Completed ဖြစ်သွားတဲ့ fic ပါ။ အဲ့တာကြောင့် ပြီးအောင်ရေးဖြစ်တဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံးကျေးဇူးတင်ပါရစေ။😂
နောက်ထပ်ကျေးဇူးတင်ချင်တာကတော့ Fic Cover ကို လှလှလေးလုပ်ပေးတဲ့ ညီမလေး Sori_Park ပါ။ Fic Cover သာ မရှိဘူးဆိုရင် အခုချိန်ထိတင်ဖြစ်မှာ မဟုတ်သေးပါဘူး။ အဲ့တာကြောင့် ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။
ပြီးတော့ မရေးရေးအောင် messenger ကနေ လာပူဆာကြတဲ့ readers တွေရော wattpad ကနေ ပူဆာကြတဲ့ readers ကိုရော တစ်ယောက်ချင်းစီကို အရမ်း ကျေးဇူးတင်ပါတယ်။ အဲ့လိုသာ လာမပူဆာကြဘူးဆိုရင် ဒီfic လေး ပြီးမှာမဟုတ်ပါဘူး။
![](https://img.wattpad.com/cover/277647738-288-k678706.jpg)
YOU ARE READING
AMAR DE NUEVO [NoMin]
FanfictionPODEMOS AMAR DE NUEVO? NoMin 1st Book (NoMin 1st Myanmar Mini FanFic) Start Date - 16.7.2021 End Date - 23.7.2021 |Completed|