Unicode
ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ
၁၂နာရီကျော်ကြာ လေယာဥ်စီးပြီးနောက် ကိုရီးယားကို ပြန်ရောက်လာခဲ့သည်။
ခြေချလိုက်တာနဲ့ အိမ်ပြန်ရောက်သလို ခံစားချက်မျိုး ခံစားလိုက်ရသည်။ နိုင်ငံရပ်ခြားမှာ ကျင်လည်ခဲ့တဲ့ ၂နှစ်ကျော်ကြာပြီးနောက် ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ သိချင်မိသည်။
ဂျယ်မင်းရော ပြောင်းလဲသွားပြီလား? သူ့ကိုရော ပြန်လက်ခံနိုင်ပါ့မလား?
အဲဒီ့အတွေးတွေက ဂျယ်နိုကို နှိပ်စက်နေသည်။ အကယ်၍များ ဂျယ်မင်းက တခြားမိန်းကလေး တစ်ယောက်နဲ့ ချစ်မိသွားခဲ့ရင်ရော?
ဂျယ်နိုတွေးတောင် မတွေးရဲပါ... သူဘယ်လိုမှ ခံစားနိုင်မှာမဟုတ်... ဒီလောက်ထိ ဖြတ်ကျော်လာခဲ့ပြီးမှ ဂျယ်မင်းမှာ ပိုင်ရှင်ရှိသွားခဲ့မယ်ဆိုရင် ဂျယ်နို ရင်ကွဲရုံအပြင်မရှိတော့...
စိတ်ညစ်စရာအတွေးတွေကို ခေါင်းခါပြီး ထုတ်ပစ်လိုက်သည်။ အချိန်က ည၁၀နာရီ ကျော်နေပြီမို့ ဒီညတော့ အိမ်မှာပဲအိပ်လိုက်သည်။ မနက်ဖြန်ကစပြီး သူဂျယ်မင်းကို လိုက်ရှာဖို့ အားမွေးထားရမယ်မလား...
နောက်တစ်နေ့မနက်
ဂျယ်မင်းကိုရှာဖို့ အကောင်းဆုံးနည်းလမ်းက ဟယ်ချန်းနဲ့ အင်ဂျွန်းကို အရင်ရှာခြင်းဖြစ်သည်။ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ ဂျယ်မင်း ဘယ်မှာရှိမလဲဆိုတာ ကျိန်းသေသိမှာပဲလေ...
'ကြိုဆိုပါတယ်'
ဟယ်ချန်းရဲ့ ကော်ဖီဆိုင်လေးက အရင်ကထက်ပိုပြီး ခမ်းနားလာသည်။ ၂နှစ်ကျော်တောင် ကြာခဲ့ပြီမို့ ပြောင်းလဲနေတာ အဆန်းတော့မဟုတ်... အရင်က ဟယ်ချန်းထိုင်နေကြ ကောင်တာကိုလှမ်းကြည့်တော့ ဟယ်ချန်းမဟုတ်ဘဲ ကောင်မလေးတစ်ယောက် ဖြစ်နေသည်။
'ဘာသုံးဆောင်မလဲ ခင်ဗျ'
"သူဌေးနဲ့ တွေ့ချင်လို့ပါ"
'ဗျာ?'
Menu လာချပေးတဲ့ ဝိတ်တာကောင်လေးက နားမလည်သလိုလေး မေးသည်။
![](https://img.wattpad.com/cover/277647738-288-k678706.jpg)
YOU ARE READING
AMAR DE NUEVO [NoMin]
FanfictionPODEMOS AMAR DE NUEVO? NoMin 1st Book (NoMin 1st Myanmar Mini FanFic) Start Date - 16.7.2021 End Date - 23.7.2021 |Completed|