" အရှင်...အရှင်Ra...မကြာခင် Heliopolis ကိုရောက်ပါတော့မယ်...''
အခန်းစောင့်ရဲမက်တော်၏ သတိပေးစကားကြောင့် မှေးစင်းနေသောသူ့မျက်ဝန်းများကိုအနည်းငယ်ဖွင့်ဟလိုက်မိသည်
Heliopolis တဲ့လား...
Egyptနိုင်ငံ၏ မင်းနေပြည်တော် Heliopolis...
ဤမြေသည် တစ်ချိန်ကသူကိုယ်တိုင်တည်ထောင်ခဲ့သည့်နိုင်ငံတော်...
နှလုံးသွေးကိုသွန်းလောင်း၍စိုက်ပျိုးခဲ့ရသောဥယာဥ်ပမာ အမြတ်တနိုးတန်ဖိုးထားခဲ့ရသည့်နိုင်ငံတော်...
ငြိမ်းချမ်းမှုအတိ ဖြန့်ကျက်လွှမ်းခြုံထား၍ စည်ပင်ဝပြောသာယာလှသည့်နိုင်ငံတော်...
အသက်ဓာတ်ကိုအပိုင်စားရသည့် ဇီဝနတ်ဘုရားငယ်Osiris ၏လက်ထဲသို့ ထိုနိုင်ငံတော်ကို သူ ယုံယုံကြည်ကြည်လွှဲအပ်ခဲ့သည် ထိုစဥ်က တစ်ယောက်သောသူ၏ မနာလိုမရှုစိမ့်သောမျက်ဝန်းများကိုလည်း သူ သတိပြုမိခြင်းမရှိခဲ့...အခုတော့...မြေပြင်နတ်ဘုရားသည် ငလျှင်အကြီးအကျယ်လှူပ်ခတ်စေသည်အထိ ငိုကြွေးခဲ့ရသော ထိုနေ့...ကောင်းကင်နတ်ဘုရားမ၏မိုးရေစက်များ အရှိန်မထိန်းနိုင်အောင်သည်းထန်စွာရွာသွန်းခဲ့သော ထိုနေ့...
မိမိယုံကြည်အားကိုးရသော နတ်ဘုရားငယ်Osiris၏ နောက်ဆုံးနေ့...ကိုးပိုင်းတိတိခုတ်ပိုင်းကာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရရှာသော သနားစရာထိုနတ်ဘုရားငယ်...ထိုသို့သတ်ဖြတ်ခဲ့သူမှာ Osiris၏ညီအရင်းဖြစ်သူ တိုင်းပြည်၏ကန္တာရကိုအစိုးရသော စစ်နတ်ဘုရား Sethကိုယ်တိုင်ဖြစ်နေခဲ့သည် မနာလိုမရှုစိမ့်မှုကိုအရင်းခံသည့်သူ၏အမျက်ဒေါသကြောင့် မိမိတည်ထောင်ခဲ့သောတိုင်းပြည်အနှံ့တွင်လည်း သွေးချောင်းစီးခဲ့ရသည် စိုပြည်နေခဲ့သောမြစ်ဝှမ်းဒေသများသည်လည်းရုတ်တရက်ခြောက်သွေ့ခဲ့ရပြီး လူသားတို့၏နတ်ဘုရားများအပေါ်ယုံကြည်မှုသည်လည်း တစ်စထက်တစ်စလျော့နည်းလာခဲ့ရတော့သည်...
ကံကောင်းထောက်မစွာဖြင့်Sethထံမှလွတ်မြောက်လာခဲ့သော Osiris၏ဇနီးဖြစ်သူ မှော်နတ်ဘုရားမIsisသည်လည်း နှစ်အတော်ကြာပျောက်ဆုံးနေရာမှယိုယွင်းနေသောရုပ်ဆင်းအသွင်ဖြင့် သူ့ထံသို့ မထင်မှတ်ပဲရောက်ရှိလာခဲ့သည် ထိုနတ်ဘုရားမ၏လက်ထဲတွင်တင်းကျပ်စွာပွေ့ဖက်ထားသော Osiris၏သား လူမမည်ကလေးငယ်...
YOU ARE READING
The Sun's Incendiary
Historical Fictionအညတရလူသားတစ်ယောက်ထံမှ ကန္တာရနတ်ဘုရားတစ်ပါးထံသို့ဆက်သသောမွေးနေ့အထိန်းအမှတ်စာတိုတစ်ပုဒ်...