(Unicode....)
Mudra စံအိမ်တွင် ဖြစ်သည်.........စံအိမ်ထဲအနက်ရောင် အကျီ ဆင်တူ နဲ့ ဝင်လာတဲ့ အင်မတန်လိုက်ဖက်တဲ့ အမျိုးသား နှစ်ယောက်..........။
Taehyung က Jungkookလက်ကို တွဲ ရင်း..စံအိမ်ထဲ သို့ လှမ်းလာလို့နေပီ.......။ မချစ် မနှစ်သက်သော်လည်း....အမေ့ရဲ့နောက်ဆုံး ဆန္ဒ ကြောင့် Kimtaehyung တို့ မျက်စိ စုံမှိတ်ကာ.......လက်ခံ လိုက်ခြင်းပင်.............။ သို့သောျသူ့ရဲ့ အတင်းအကျပ်တောင်းဆိုမှုကြောင့်........စေ့စပ်ပွဲက အကျဥ်းချုံးပင်..................။
စံအိမ်ရှိ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော် အချို့ က လုပ်ခုပ် သြဝါဒ ပေးကြပီး Media သမားတွေက တော့.....သတင်းရရေးအတွက်....အူယားဖားယား ရိုက်ယူနေကြသည်.................။ဟုတ်သည်လေ.....Jeon jungkook ဆိုတာ..ခုချိန်မှာ..အောင်မြင်နေတဲ့ Super star မလား........။ သူလိုလူတစ်ယောက်ကမိန်းကလေး နဲ့ စေ့စပ်တယ် ဆိုရင် ပင်.....Fan တွေက အသဲကွဲ ရဦးမည်.....။ခုတော့ ယောက်ျား ချင်း စေ့စပ်တယ် ဆိုတော့ဒါက တကယ့်ကို သတင်းထူးပဲမလား................။
ဧည့်သည်တော်တွေက လဲ ဝိုင်ခွက် အသီးသီးကိုင်ကာ...လေပေါ်မှာမြှောက်ရင်း......သူတို့နှစ်ယောက်ရဲ့ စေ့ စပ် ပွဲအတွက် ဂုဏ်ယူကြောင်းပြောဆိုနေကြတော့သည်.............။သူတို့ နှစ်ယောက်လဲ အတက်နိုင်ဆုံး ပျော်ရွှင် ယောင်ဆောင်ကာ...ဟန်ဆောင်ပြုံးနေ ရတော့သည်.......။
Time skip
နောက်ဆုံး မှာတော့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အပြုံးတု တွေ ရပ်တန့်လို့ ရမယ့် အချိန် ရောက်လာခဲ့ပီ...........။jungkookလက်ပေါ် ဖက်တွယ်ထားတဲ့ သူ့ရဲ့ လက်ကို ရုပ်သိမ်း လိုက်ပီးဆိုဖာခုံပေါ် ထိုင်ချလိုက်တော့သည်...........။Jungkookလဲ သူ့ရဲ့ ဘေး မှာဝင်ထိုင်လိုက်ပီး.သူတို့အရှေ့မှာရှိတဲ့..Mudra စံအိမ်သခင်မရဲ့ သြဝါဒကို နားထောင်နေတော့၏...........။
"စေ့ စပ်ပီးပီဆိုတော့ Jungkook လေးက Taeလေးရဲ့ အိမ် မှာ လိုက်နေပေါ့............"
Jk- ဗျာ.......
"အမေ့စကားကို လွန် ဆန်မယ် မစဥ်းစားနဲ့........"
Jungkookအတွက် ယောက်ကျား လေး တစ်ယောက်နှင့် တအိမ်ထဲ တူတူနေရမယ် ဆိုတဲ့စကား.က ငယ်ထိပ်ကို မိုးကြိုးပစ်ချ လိုက်သလိုပင်.............။
.နဂိုထဲက လိင်တူ ချစ်ကြိုက်တာကို မနှစ်မြို့တဲ့သူမို့.....စေ့စပ် ပွဲကို လက်ခံရရုံနဲ့တင် သူ့ရဲ့သီးခံနိုင်စွမ်း ကုန်လွန်သွားခဲ့ပီ...........။ခုတခါထို ယောက်ျားလေးနှင့် တအိမ်ထဲ တူတူနေရမည်ဆိုတော့.............။
CZYTASZ
My husband is a movie actor💕(Zawgyi&Unicode)
Romansကိုမုန်းတဲ့ လူတစ်ယောက်ကို ဒီလောက်ထိ သည်းခံပီး ချစ်လာလိမ့်မယ်လို့ မထင်ခဲ့မိတာ.......... ပေးတဲ့အချစ်သာ စစ်မှန်ခဲ့ရင် ပြန်ရမယ့် အချစ်ကရော.....ထယ့်အတွက် စစ်မှန်နိုင်တယ်မလား မောင်..........