𝙲𝚑𝚊𝚙𝚝𝚎𝚛 (1) {𝚄𝚗𝚒𝚌𝚘𝚍𝚎+𝚉𝚊𝚠𝚐𝚢𝚒}

19.3K 940 154
                                    

🐻unicode🐻

"ချစ်စရာလေးကွာ"

"စော်တွေထက်တောင် လှတယ် ဟေ့ကောင်ရေ"

တမင်တကာပင် ကာယကံရှင်အား ကြားစေလိုဟန် ခပ်ကျယ်ကျယ်ထွက်ပေါ်လာသော ယောကျာ်းပျိုများရဲ့ မထိခလုတ်ထိခလုတ် စကားသံတွေ။

တက္ကသိုလ် ပရဝဏ်ကြီးတစ်ခု၌ဝယ်၊အတောင်ပံလေးတွေတဖျတ်ဖျတ်ခတ်ကာ မြူးတူးပျံလွှားနေကြပါသော လိပ်ပြာကလေးများနှင့်အလားသဏ္ဍာန်တူသည့် အရောင်ကာလာစုံကျောင်းသူ/ကျောင်းသားများဖြင့် ဟိုတစ်စဒီတစ်စ ပြန့်ကျဲစီကားလျက်။

အကြောင်းမူကား ယနေ့သည် BFFY(Bright Future For Youths) university၏ စျေးရောင်းပွဲတော်နေ့ပေမို့။

နိုင်ငံတစ်ခုလုံး၏Rankingအရ Top20 universitiesများထဲတွင် BFFYလည်းတစ်ကျောင်းအပါအဝင်ဖြစ်သောကြောင့်၊ ကျောင်းစျေးရောင်းပွဲတော်နေ့ဆိုလျှင် အခြားတက္ကသိုလ်များမှ လူငယ်များပါ လာရောက်ဆင်နွှဲလေ့ရှိသည်မို့၊ campusကြီးထဲတွင် ပုံမှန်ထက် လူသူတိုးကြိတ်လျက်။

ပေ၈၀နီးနီးကျယ်ပြန့်လှပါသော ကျောက်စိမ်းရောင် စိမ်းစစမြက်ခင်းပြင်ပေါ်တွင် majorအသီးသီးမှ အရောင်အသွေးစုံပါသော ချစ်စဖွယ် ယာယီမုန့်ဆိုင်
ကလေးများဖြင့် စီကားလျက်။

ကိုယ်စီmajorတစ်ခုစီတိုင်းသည် cosplayဝတ်စုံအလန်းစားများဖြင့် စျေးဝယ်သူများ၏ attentionရရှိရေးကို သူ့ထက်ငါအပြိုင် ကြိုးစားနေကြသည်မှာ အားကျိုးမာန်တက်ပင်။

စျေးဆိုင်များထဲမှ ယောကျာ်းသားများရဲ့ အာရုံအလုံးစုံကိုဖမ်းစားအနိုင်ဆုံးmajorကတော့ Department Of Englishဆိုသော ငွေရောင် ဆိုင်းဘုတ်တပ်ထားသည့် Bubble Teaဆိုင်ကလေးပင်။

အကြောင်းမူကား ဒူးထိတိုသော Maidဝတ်စုံကလေးဖြင့် serviceပေးနေပါသော E-major Kingကြီးကြောင့်ပင်။

အဖြူရောင်အတွန့်တွန့်ကလေးများအနားသတ်ထားသော အနက်ရောင်ဒူးဖုံးဂါဝန်ကလေးက နှင်းပွင့်ကလေးလိုစင်ကြယ်သော ကောင်ငယ်လေး၏ကိုယ်ပေါ်တွင် ပနံသင့်စွာ လှပလို့။

အင်္ဂလိပ်-မြန်မာ ကပြားဖြစ်သော ကောင်လေးရဲ့မျက်ဆံပြာပြာတွေဟာ နေရောင်သဲ့သဲ့အောက်မှာ ဖန်လုံးနှယ်ပိုမို ပြောင်လဲ့ရွှန်းစိုနေသည်။

Beauteous Nuisance 🌼 {Completed}Where stories live. Discover now