𝙲𝚑𝚊𝚙𝚝𝚎𝚛 (29) {𝚄𝚗𝚒𝚌𝚘𝚍𝚎+𝚉𝚊𝚠𝚐𝚢𝚒}

2.6K 347 204
                                    

🐻unicode🐻

နေ့စွဲကား စက်တင်ဘာလ ၂၈ရက်။

တစ်နည်းအားဖြင့် Final Examဖြေဆိုရမည့်နောက်ဆုံးမြောက်သောနေ့တစ်နေ့။

E-major၏စာဖြေခန်းကျယ်ကလေးတွင် စာမေးပွဲတို့၏ထုံးတမ်းအစဥ်အလာအရ အပ်ကျသံပင်မထွက်သည်အထိ တိတ်ဆိတ်နေသည်။

ငြိမ်သက်စွာအာရုံစူးစိုက်နေသူများကြားဝယ် အညိုဖျော့ရောင်ဆံနွယ်ရှည်တွေအား တရစ်စုစီးထားသော ကောင်လေးတစ်ယောက်သာကွက်ပြီး အဖြေလွှာထဲစိတ်ဝိဉာဥ်တွေမစုထားဘဲ ဖြေဆိုမှုကိုအမြန်လက်စသတ်ချင်ကာ အလျင်လိုနေဟန်။

အမှန်ပင် မေးခွန်းလွှာရဲ့နောက်ဆုံးမြောက် မေးခွန်းကလေးကိုဖြေဆိုပြီးသည်နှင့် အဖြေလွှာစာအုပ်ကိုတစ်ချက်ကလေးမျှပင်အကြည့်မစွေ။
အမြန်ပိတ်သိမ်းလို့ အခန်းစောင့်ဆရာမအားပြေးအပ်ပြီး အပြင်သို့ဝရုန်းသုန်းကား ထွက်ပြေးသွားသောကောင်လေး။

ကျန်ရှိနေသောကျောင်းသားများမှာမူ ဖြေထားတာတဝက်ပင်မကျိုးသေးသောမေးခွန်းစာရွက်ကိုကိုင်ကာ အလျင်စလိုထွက်သွားသူကို အထင်ကြီးလေးစားဟန်များပြေးသောမျက်ဝန်းတွေဖြင့် ငေးကြည့်နေကြသည်။

အကယ်၍ အဖြေလွှာစာရွက်ထဲမှ အနှီကောင်လေးရဲ့ ကျောက်ခေတ်ကစာလို ပဲပင်ပေါက်လက်ရေးကိုသာ တွေ့မြင်ကြမည်ဆိုပါက အကြည့်တွေရဲ့ အဓိပ္ပာယ်ကတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်မည်ထင်ရဲ့။

________

"ကိုကို"

အချိန်ကား ညနေစောင်း၄နာရီခွဲဝန်းကျင်။

ပုံမှန်ဆို ဆိုင်ပိတ်ဖို့စောလွန်းသေးသည့်အချိန်ဖြစ်သော်ငြား စာမေးပွဲရက်မို့စားသုံးသူနည်းသည်ကြောင့်
စောစောစီးစီးသိမ်းလိုက်လည်း အထွေအထူးမရှိ။

ထို့ကြောင့် နွေးရိပ်အခု campus၏car parkingတွင် အိမ်ပြန်ဖို့ရာပြင်နေခြင်း။

အနောက်ဖက်မလှမ်းမကမ်းတစ်နေရာမှ အမောတကောလာခဲ့ရသလို အသက်ရှူသံပြင်းပြင်းယှက်တဲ့ခေါ်သံတစ်ခုကိုကြားတော့ နွေးရိပ်ခေါင်းကိုလည်ပြန်လှည့်ကာစောင်းငဲ့ကြည့်လျက်သား။

Beauteous Nuisance 🌼 {Completed}Where stories live. Discover now