𝙲𝚑𝚊𝚙𝚝𝚎𝚛 (27) {𝚄𝚗𝚒𝚌𝚘𝚍𝚎+𝚉𝚊𝚠𝚐𝚢𝚒}

2.5K 337 190
                                    

🐻unicode🐻

"သေချာဖြေ။မေးခွန်းကိုသေချာဖတ်။ပြီးပြီဆိုတာနဲ့တန်းထွက်မလာနဲ့။အချိန်စေ့တဲ့အထိ အဖြေလွှာကိုအပြန်ပြန်အလှန်လှန်ပြန်စစ်နော်"

"ဟုတ်ကဲ့ပါကိုကိုရဲ့"

တစ်ဖက်စားပွဲကနေ သူ့ထံ မျက်လုံးပြာလဲ့လဲ့တွေဝေ့ကာ သွားတက်လေးလှစ်ကနဲပေါ်အောင်ပြုံးရင်း နွေးရိပ်ရဲ့မှာတမ်းခြွေမှုအဖြာဖြာအား မဆိုင်းမတွပင်ခွန်းတုံ့ပြန်လာသည့်ကောင်လေး။

စာမေးပွဲစဖို့အချိန်နာရီဝက်တိတိလောက်လိုသေးသည်မို့ အိပ်ရာထနောက်ကျလို့နံနက်စာလွတ်လာခဲ့သည့်ကလေးကြီးကို နွေးရိပ်ဆိုင်ကိုခေါ်ပြီးbreakfast ကျွေးနေရခြင်း။

cheese creamသုတ်လိမ်းထားတဲ့ red velvet cakeလေးအား ဇွန်းလေးနှင့်တစ်ဖဲ့ခပ်စားလိုက်။

အငွေ့နွေးနွေးလေးတပျံ့ပျံ့ဖြစ်နေဆဲ မိုင်လိုပူပူလေးအား ခေါင်းလေးခပ်ယဲ့ယဲ့ယိမ်းခတ်ကာ တစ်ငုံသောက်လိုက်နှင့်ကောင်လေးသည် စာမေးပွဲဖြေရမည်ကို ဖိစီးကြောင့်ကြမှုတစ်စိုးတစ်စိမျှမရှိပါဘဲ ပေါ့ပါးနေဟန်။

နီစစအပေါ်နှုတ်ခမ်းလွှာထက်ကပ်ငြိနေတဲ့ cheese creamကလေးကြောင့် နွေးရိပ် စားပွဲထက်မှတစ်ရှူးတစ်စကိုအမြန်ယူ၊ခါးကိုအနည်းငယ်ကိုင်း၍တိုးရွှေ့ရင်းလှမ်းသုတ်ပေးတော့ ကြောင်စီစီလေးဝင့်ကြည့်လာသည့် ကြည်တောက်နေတဲ့အပြာရောင်ဖန်လုံးငယ်လေး။

"ပေကုန်ပြီးလေ။ခန့်ခန့်ကဖြည်းဖြည်းလေးစားမှပေါ့"

ကောင်လေးငယ်အား ဆူပူလိုစိတ်အမှုန်အမွှားပင်မရှိကြောင်းကိုတော့ နွေးရိပ်ရဲ့ပြုံးမယောင်မျက်နှာထားက သက်သေထူပေးသည်။

သူ့အပြောအား ပန်းရောင်ပြေးတဲ့ပါးပြင်ပြေပြေကလေးနှစ်ဖက်အနည်းငယ်မို့တက်သည်အထိ ဟီးကနဲရယ်ပြလာသည့်ကောင်လေးကတမင်တကာပင်ချစ်ဖို့ကောင်းအောင် ပြုမူနေသလို။

ထို့နောက် အနှီကောင်လေးသည် cakeထက်ကcreamလေးကိုလက်ညိုးနှင့်အသာယူပြီး ပါးပြင်လျလျထက် သုတ်လိမ်းပြန်တော့ နွေးရိပ်တစ်ယောက်ချုပ်တည်းနိုင်စွမ်းတွေကင်းမဲ့ကာရှေ့သွားလေးနှစ်ချောင်းပေါ်သည်အထိ စိတ်လိုလက်ရရယ်မိခဲ့ပြီ။

Beauteous Nuisance 🌼 {Completed}Where stories live. Discover now