My everything
Season 2(ep 4)
~~~~~~~~~~~~~
အိမ်ပြန်ရောက်လို့ကားထဲကအိပ်ပျော်နေသောခလေးငယ်ကိုပွေ့ပြီးအိမ်ပေါ်ကိုခေါ်သွားမယ်လုပ်တော့လူးလူးလွန့်လွန့်နဲ့နိုးလာသည်
အိပ်မှုန်စုန်ဖွားအသံလေးဖြင့်"မပွေ့နဲ့ကိုယ့်ဘာသာလမ်းလျှောက်သွားမယ်"
"လိမ်မာစမ်းပါခလေးရယ်"
ကိုယ့်ဘာသာယိမ်းတိမ်းယိုင်းတိုင်နဲ့လမ်းလျှောက်သွားသောခလေးငယ်ကိုရှောင်းကျန့်ပွေ့ချီလိုက်သည်
"အင်း...ကိုကိုမေးစရာရှိတယ်"
လှေကားထစ်တဆင့်ချင်းကိုဂရုတစိုက်ထိန်းပြီးတက်နေသည်မှာတုတ်ခိုင်သောလက်မောင်း၂ဖက်မောင်းပေါ်မှာပွေ့ချီထားသောခလေးငယ်ပြုတ်ကျသွားမည်ဆိုးသောကြောင့်ပင်
"မေး..."
"Marketမှာတွေ့ခဲ့တဲ့အမကလေ...ကိုကိုနဲ့အသိလား"
"အင်း...သိပ်မရင်းနှီးတဲ့အသိပေါ့"
"ဟို...သူနဲ့ဘယ်လိုသိတာလဲ...ပြောပြပါလား"
"ကိုကိုကတကယ်ပြောပြရမှာလား"
"အွန်း"
"သူ့နာမည်က "ဆာနူရူ" ဂျပန်နာမည်ပေါ့..အဲ့နာမည်ကလူသိများတယ်
သူလည်းကိုကိုတို့လိုဘဲဂိုဏ်းခေါင်းဆောင်တယောက်..
ထက်မြက်တဲ့အထဲမှာသူပါတယ်
သူ့ကိုအနက်ရောင်နှင်းဆီမယ်လို့နာမည်ပေးထားကြသေးတယ်"
"ညို့အားပြင်းပြီးဆွဲဆောင်မှုကောင်းလွန်းလို့""အာ...ကိုကိုကို့ "မှောင်ခိုလောကရဲ့နတ်ဆိုးအရှင်သခင်"..လို့နာမည်ပေးထားသလိုမျိုးပေါ့"
"မှန်တယ်"
"ဟိုလေ...စကားဖြတ်ပြောတာတော့မဟုတ်ပါဘူး..ဒါမဲ့လေအဲ့အကြောင်းကရှည်မှာမလား...ကိုကိုကသူ့အကြောင်းကိုအစုံပြောပြမှာဆိုတော့"
"အင်း...နည်းနည်းရှည်တယ်..ခလေးကိုအကြောင်းစုံပြောပြမှာ"
"အဲ့တာဆိုစားစရာလေးတခုခုလောက်အပေါ်ကိုယူသွားရင်မကောင်းဘူးလား"
"ခလေးဘာစားချင်လဲပြော...ဘဲလ်တီးလိုက်တာနဲ့သူတို့ရောက်လာပြီးခိုင်းတာအကုန်လုပ်ပေးလိမ့်မယ်"
![](https://img.wattpad.com/cover/267365660-288-k708419.jpg)
VOCÊ ESTÁ LENDO
𝐌𝐲 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠(𝗌𝖾𝖺𝗌𝗈𝗇 2)𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾
Fanficစတွေ့တည်းကမင်းမှမင်းဘဲဖြစ်နေခဲ့တာ ဒါကိုအချစ်လို့အမည်တပ်ရင်သေချာတယ် ကိုယ်မင်းကိုချစ်နေတာ Xiao zhan ကျွန်တော့်ရဲ့ထွက်သက်တိုင်းကို....ကိုကိုတယောက်တည်းပိုင်တယ် Wang yibo Zawgyi~~~*** စေတြ႕တည...