12. Seok (Pt.1)

2.4K 304 67
                                    

Unicode

Hoseok

" Taehyung ssi တို့နဲ့ဒီဝတ်စုံလေးလိုက်လားလို့တချက်ကြည့်ပေးပါဦး "

Lounge ထဲကထွက်ခါနီးကြားလိုက်ရတဲ့အသံဆီလှည့်ကြည့်မိတော့ ခုဏကအခန်းထဲရောက်လာတဲ့အမျိုးသမီးဆီက။

မည်သည့်တုန့်ပြန်သံမှမကြားရတဲ့ Taehyung ဖက်ကိုမော့ကြည့်လိုက်တော့လည်းမျက်ခုံးချီပြီးမေးလာတဲ့ထိုမိန်းမကိုမျက်မှောင်ကြုတ်ကြည့်နေတာ။

" မင်းနဲ့သိတဲ့သူလား Taehyungie? "

"  ummm... ရိုက်ကွင်းတစ်ခုမှာမျက်မှန်းတန်းမိတဲ့တစ်ယောက်ထင်တယ် Hyung ... umm Ms-? "

ပြောနေရင်းနာမည်စဉ်းစားသလိုရပ်သွားတဲ့ Taehyung ကြောင့်မျက်လုံးပြူးသွားမိသည်။
ဒါနည်းနည်းတော့အားနာဖို့ကောင်းတယ်မဟုတ်လား ...

" Joo Hanna "

" Ms.Joo ဝတ်စုံနဲ့လိုက်မလိုက်ဆိုတာကို
အရောင်းဝန်ထမ်းတွေကပိုကြည့်တတ်မှာပါ။
သူတို့နဲ့သာမေးလိုက်ပါ။
လာ~ Hyung သွားကြရအောင် "

လက်ကောက်ဝတ်ကနေဆွဲကာဆိုင်ပြင်ထွက်လာတဲ့ကောင်လေးနောက်လိုက်လာရင်းစိတ်ထဲအနည်းငယ်ထူးဆန်းနေမိသည်။
Taehyung ကခက်ထန်မာကျောတဲ့ Dominant Alpha ဖြစ်သည့်တိုင် ရွေးချယ်ထားတဲ့အလုပ်ရဲ့သဘောသဘာ၀ကြောင့် ခပ်ပြတ်ပြတ်ဆက်ဆံတတ်တဲ့ ရိုင်းတဲ့သူတစ်ယောက်မဟုတ် ။

" လျှောက်မတွေးနဲ့ Hyung အဲ့ဒိတစ်ယောက်ကအတင်းလာနွယ်ချင်တဲ့သူမို့လို့ "

အတွေးမဆုံးခင်မှာပင် နားရွက်နားတိုးကပ်ပြောရင်း ပခုံးကနေသူ့ဘက်ကိုဆွဲဖက်လိုက်တာကြောင့် ရင်ထဲဒိတ်ခနဲ...

" ကျွန်တော်ဗိုက်ဆာနေပြီ Hyung ...
ကားပေါ်မှာဖုန်းကြိုဆက်ပြီးမှာထားကြမလား "

" အင်း "

တမင်နား နားကိုကပ်ပြောနေတဲ့သူကြောင့် တဒိတ်ဒိတ်တိုးလာတဲ့ရင်ခုန်သံနဲ့ ပူတတ်လာတဲ့မျက်နှာကိုမရိပ်မိအောင် အဝေးကိုလျှောက်ကြည့်ရင်းအာရုံလွှဲထားလိုက်သည်။

𝙃𝙊𝙇𝘿 𝙈𝙀 𝙏𝙄𝙂𝙃𝙏 💜Where stories live. Discover now