Extra IV

2.1K 220 178
                                    

Unicode

" ဘာလုပ်မလို့လဲ Seok ~"

အိပ်ပျော်နေတဲ့ Tae မနိုးအောင်အသာလေး မွှေ့ယာပေါ်ကဆင်းရုံရှိသေးတယ် ဆတ်ကနဲထထိုင်ကာ
မေးလာသူကြောင့် Hoseok သက်ပြင်းတိုးတိုးချရင်းပြုံးလိုက်မိသည်။ 

" ရှူးပေါက်ချင်လို့ ..... ဆက်အိပ် Taehyungie~  Hyung ကိုယ့်ဘာသာကိုယ်သွားလိုက်မယ် "

အိပ်ခန်းကိုအောက်ထပ်ပြောင်းလာပြီးတဲ့အချိန်မှာရေချိုးခန်းအိမ်သာက Kitchen နောက်ဖက်ရောက်သွားတာကြောင့် အရင်အိပ်ခန်းနဲ့ယှဉ်ရင်ခြေလှမ်းအနည်းငယ်ပိုလျှောက်ရသည်။ ဒါကပဲ Tae အစိုးရိမ်ပိုရတဲ့ အချက်ကြီးအချက်ငယ်များစွာထဲကတစ်ခုဖြစ်လာတော့၏။

" မဟုတ်တာ လာ ~ ကျွန်တော့်လက်ကိုကိုင် "

မျက်စေ့ကိုလက်နဲ့တစ်ချက်ပွတ်ရင်း ကိုယ့်ဖက်ကိုလျှောက်လာပြီးလက်တစ်ဖက်ထိုးပေးလာတဲ့အခါ ကိုယ့်လက်တစ်ဆုပ်စာမကတဲ့ သူ့လက်ဖျံကြီးကိုကိုင်ရင်းထလိုက်သည်။

" ဗိုက်ဘယ်လိုနေလဲ Seok~? "

ညနေကဗိုက်မအီမသာဖြစ်ကာ ချက်ချင်းဆရာဝန်ခေါ်တဲ့အထိဖြစ်ခဲ့ရတာမို့ Taehyung ရဲ့ပူပန်မှုကအတောမသတ်။

" အဆင်ပြေတယ်။ ဒီမှာပဲနေခဲ့ Tae "

" ဖြည်းဖြည်းသွား "

ရေချိုးခန်းထဲရောက်ပြီးလို့ Toilet ဖက်ကိုသွားမယ့်အရေး စိတ်မချနိုင်စွာလှမ်းမှာနေသူဆီ မျက်စောင်းမမည်သောအကြည့်တချက်ပို့လွှတ်လိုက်တဲ့အခါသူကသဘောကျသလိုရယ်သည်။ တံခါးဖွင့်လိုက်တာနဲ့လှမ်းမြင်နေရတဲ့နေရာဆီသွားဖို့အရေးသူစိတ်ပူနေတာ.....

တံခါးကိုသေချာစေ့ပိတ်ကာလုပ်စရာရှိတာလုပ်ရင်း ဒီတံခါးပိတ်ဖို့ကိစ္စနဲ့ပတ်သတ်ပြီးဘယ်လောက်အချေအတင်ဖြစ်ခဲ့ရသလဲဆိုတာကိုပြန်သတိရလာမိသည်။

Taehyungie ကကိုယ်ရေပဲချိုးချိုး ဘာပဲလုပ်လုပ်တံခါးကိုအနည်းငယ်ဖွင့်ထားစေချင်သည်။
ကိုယ်ကတော့လက်ထပ်ထားတာမကလို့ဘာပဲဖြစ်ဖြစ် အတူနေတာဘယ်လောက်ကြာကြာ
တစ်ယောက်ကိုတစ်ယောက်ရေဆုံးမြေဆုံးပဲမြင်ဖူးမြင်ဖူး အဲ့လိုလုပ်ရဲတဲ့သတ္တိမရှိ။
မြင်သင့်တာမမြင်သင့်တာဆိုတာရှိတဲ့အတွက်  နောက်ဆုံးထိအလျှော့မပေးစတမ်းငြင်းခုန်ပြီးချိန်မှာတော့ ကိုယ်ကတံခါးကိုပိတ်ရုံပိတ် သူကရှေ့ကစောင့်မယ်ဆိုတဲ့သဘောတူညီချက်ရသွားလေတော့သည်။

𝙃𝙊𝙇𝘿 𝙈𝙀 𝙏𝙄𝙂𝙃𝙏 💜Where stories live. Discover now