Extra Final

2.8K 215 138
                                    

Unicode 

" ........    .......  Seok ~ အသက်လေးရေ !  "

" Tae! လန့်လိုက်တာ! "

"ခေါ်နေတာကြာပြီ  ဘာတွေဈာန်ဝင်နေတာလဲ? "

" စာအုပ်ဖတ်နေတာ ... ပြခန်းမန်နေဂျာပြန်သွားပြီလား? "

ပြောရင်းလက်ထဲကဖက်ရှင်စာအုပ်ကိုစားပွဲပေါ်တင်ထားလိုက်တော့ ဦးတည်ချက်မရှိတိုက်ခတ်လာတဲ့လေအေးကြောင့်စာရွက်တွေကတဖျတ်ဖျတ် ... 
Taehyung ပြပွဲကိစ္စစကားပြောနေတာကြောင့်
ခြံထဲလာထိုင်ကာစာဖတ်နေလိုက်တာအချိန်တွေဘယ်လောက်ကြာသွားလဲတောင်မသိ။

" ပြန်သွားပြီ ... Seok ပေးတဲ့အကြံဉာဏ်ပဲယူလိုက်တယ်။ မဟုတ်ရင် Center space နေရာမှာဟာနေမှာ "

" ဘယ် Idea လဲ? Photo tree လား Modern Art လား ? "

" Photo tree "

" Yes! "

" ယောကျာ်းအတွက်အကြံကောင်းတွေထွက်ပေးတဲ့ဒီဦးနှောက်လေးကိုကျေးဇူးနော် "

" ယောကျာ်းအတွက်ပဲလေ~ 
ဒီလောက်ကအသေးအမွှားပါ "

ကိုယ့်ရှေ့မှာမတ်တပ်ရပ်နေသူကို Hoseok မျက်လုံးဝိုင်းတွေလှန်ကြည့်ကာပြောလိုက်တော့နှာခေါင်းဖျားထိပ်ဆီဆင်းသက်လာတဲ့အနမ်း
တစ်ပွင့် ...

Taehyungie ပိုများထွားလာတာလား ?
ဒါမှမဟုတ် အလုပ်ကိစ္စရှိလို့ဆိုပြီးအတင်းဝတ်ထားတဲ့ Formal shirt နဲ့ Style pant ကြောင့်လား ..? ပခုံးကျယ်နဲ့ထွားကျိုင်းလှတဲ့ ခန္ဓာကိုယ်ရဲ့
အရိပ်ကြီးကကိုယ့်ကိုလုံခြုံစွာအုပ်မိုးနေလိုက်တာ နေပျောက်သေးသေးလေးတောင်လာမထိတော့တဲ့အထိ။

" နေပူတာတောင်မသိပဲ စာပဲသဲကြီးမဲကြီးဖတ်နေတဲ့ကောင်လေးကိုဘယ်လိုအပြစ်ပေးရမလဲ? "

မေးဖျားကိုလက်ချောင်းရှည်တွေနဲ့ပင့်မော့စေကာခပ်ရှရှအသံနဲ့ပြောလာတော့ သူဟာကိုယ့်ထက်အသက်ငယ်တယ်ဆိုတာတောင် Hoseok မေ့နေသည်။

အို! ဘာဖြစ်လဲ သူပြောသလို ကိုယ်ကသူ့ထက်အသက်ကလွဲပြီးဘာများကြီးလို့လဲ ~!

" စာအုပ်ကစိတ်ဝင်စားဖို့ကောင်းလို့သတိမထားလိုက်မိတာ ... စာအုပ်ကြောင့် Hyung ကြောင့်မဟုတ်ဘူး "

𝙃𝙊𝙇𝘿 𝙈𝙀 𝙏𝙄𝙂𝙃𝙏 💜Where stories live. Discover now