မယကဝမ်းခယ့်ရှင်

471 62 3
                                    

(Tian Ya Keမှ ဝမ်းကျိုး)

 
စိတ္တဇသရဲနှင့်အပေါင်းအပါတစ်သိုက်မှာယခုတလောကိစ္စတစ်ခုကိုဒွိဟဖြစ်လို့နေသည်။ထိုကိစ္စမှာ အခြားမဟုတ်။ချင်းယာတောင်ကြားရှိ သရဲသုံးထောင်နှင့်သရဲကြီးဆယ်ဦးတို့ဖိန့်ဖိန့်တုန်ကြောက်ရသည့်ပြိုင်ဘက်ကင်းတောင်ကြားသခင်မှာ မိမိတို့မမြင်ကွယ်ရာ၌မည်သည့်အမှုကိစ္စများကိုပြုလုပ်နေတတ်သနည်း။

မိမိတို့ရှေ့မှောက်တွင်တော့ အေးစက်ခန့်ညားသောအသရေခြုံလွှမ်းလျက်ရှိသော်လည်းတခြားတစ်ဖက်ခြမ်းတွင်ရော မည်သို့မည်ပုံမျိုးဖြစ်နေမည်နည်း။

ကျန်းဟူနှင့်မိစ္ဆာလောကဆိုသည်မှာ ကြီးနိုင်ငယ်ညှင်းဖြစ်လေရာ မိမိတို့သရဲတစ်သိုက်ကထိုဝမ်းခယ့်ရှင်မည်သောတောင်ကြားသခင်ကိုလိပ်ပြာလွင့်မတတ်ကြောက်ရသည်ဆိုပါက  မိမိတို့၏နှစ်ယောက်မရှိသည့်တောင်ကြားသခင်ကိုယ်တိုင်မော်မကြည့်ရဲအောင် ကြောက်ရွံ့ရပါသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဤလောက၌ရှိနိုင်သလားဆိုသည့်အချက်မှာ အင်မတန်ကိုစိတ်ဝင်စားစရာ၊ခေါင်းစားစရာကိစ္စတစ်ရပ်ဖြစ်လို့နေသည်။

အကယ်၍ရှိခဲ့မည်ဆိုလျှင်လည်း ဘယ်လိုလူမျိုးဖြစ်မည်နည်းကိုလည်းသိချင်လွန်းလှပါ၏။

-----------------------

''အားရွှီ~''

သည်းခြေပြတ်မတတ် ငိုညည်းသံနှင့်ဝင်လာရင်းမိမိဘေးနားဝင်လှဲကာခါးကိုဖက်တွယ်၍ကျောပြင်ကိုမျက်နှာအပ်ထားသောဝမ်းခယ့်ရှင်ကြောင့် အိပ်ပျော်လုလုဖြစ်နေသောကျိုးကျစ်ရှုးမှာမျက်လုံးများပင်ကျယ်လာကာအနည်းငယ်အာရုံနောက်သွားလေသည်။

နေဝင်ရီတရော မိုးစုန်းစုန်းချုပ်ကာမှမလာစဖူးအလာထူးသော ယဲ့ပိုင်ရီးကြောင့် ဝမ်းခယ့်ရှင်၊ကျိုးကျစ်ရှုးနှင့်ကျန်းချန်လင်တို့သုံးဦးသားမှာ ပုံးဖာမှောက်စင်ကျွေးမွေးဧည့်ခံပြုစုခဲ့ကြသလို မိမိတို့တည်ခင်းသမျှစိတ်တိုင်းကျတစ်ဖြဲနှစ်ဖြဲစားသောက်ရင်း ယဲ့ပိုင်ရီးပြန်လည်ပြောပြသည့်ကျန်းဟူတစ်ခွင်ဖြစ်ပျက်နေမှုများကိုလည်းနားလည်လည်မလည်လည် ခေါင်းတငြိမ့်ငြိမ်နားထောင်နေရင်းအကြောင်းစုံသိရှိကြပြီးနောက် ကျိုးကျစ်ရှုးမှာနဂိုနေထိုင်မကောင်းဖြစ်နေသည်ကတစ်ကြောင်း၊ယဲ့ပိုင်ရီးနှင့်ဝမ်းခယ့်ရှင်တို့၏ နှစ်ပေါင်းမည်မျှကြာကြာမပြောင်းလဲသောပေါက်ပေါက်ဖောက်ပြောဆိုနေမှုများကိုနားငြီးသည်ကတစ်ကြောင်းမို့ ဧည့်သည်တော်ယဲ့ပိုင်ရီးအားဝမ်းခယ့်ရှင်နှင့်ထားခဲ့ပြီးမိမိမှာအိပ်ဆောင်ဘက်ပြန်ရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန်ကြိုးစားနေသည့်အချိန်မှ အနှီဝမ်းခယ့်ရှင်မှာယဲ့ပိုင်ရီးထံမှမည်သို့မည်ပုံနှိပ်ကွပ်ခံလာရသည်လဲမသိ။

Tian Ya Ke & Shen He Ling One Shot FictionWhere stories live. Discover now