အားရွှီရဲ့အလင်းရောင်လေး

111 12 0
                                    


Note: Word of honor Final Epi-36၏ဇာတ်သိမ်းခန်းအား စာရေးသူစိတ်ကူးဖြင့်ပြန်လည်ပုံဖော်ရေးသားခြင်းသက်သက်သာဖြစ်ပြီး ဝမ်းကျိုးတို့အနေနဲ့ဒီထက်ပိုပြီးပျော်စရာကောင်းတဲ့ဇာတ်သိမ်းမျိုးနဲ့ထိုက်တန်တယ်လို့ခံစားမိရုံပါ။

(SHLမှ ဝမ်းကျိုး)

"လောင်ဝမ်း''

လှိုက်တက်လာသောစိုးရိမ်တကြီးခံစားချက်တို့ကြောင့် ကျိုးကျစ်ရှုးမှာမိမိဆုပ်ကိုင်ထားသောတစ်ဖက်လူ၏လက်ချောင်းသွယ်လေးများကိုလှုပ်ခါနေပါသော်လည်းဖြေဆိုသံကင်းမဲ့နေလေ၏။ငွေမှင်ရောင်ဆံနွယ်များနှင့်ဖြူလျော့နေသောဝမ်းခယ့်ရှင်၏အသွင်မှာကျိုးကျစ်ရှုးကိုကြောင်အမ်းအမ်းဖြစ်စေရုံသာမက တစ်ချိန်တည်းမှာပင်ထိုလူသားဟာမိမိကိုအမှန်တကယ်ထားရစ်ခဲ့ပြီလားဟူသောအတွေးမျိုးဝင်လာသည်နှင့်ခေါင်းကိုခါထုတ်လိုက်ကာ တဖြေးဖြေးနှင့်ငြိမ်သက်အေးစက်လာသောဝမ်းခယ့်ရှင်၏ခန္ဓာကိုယ်ကိုပွေ့ဖက်ထားရင်းသွေးခုန်နှုန်းကိုစမ်းလိုက်သည်။

အားနည်းဖျော့တော့နေသောအတွင်းအားနှင့်ချိနဲ့နေသောသွေးခုန်နှုန်းကြောင့်ကျိုးကျစ်ရှုးမှာထိတ်လန့်သွားရပါသော်လည်း စင်စစ်ဝမ်းခယ့်ရှင်မှာအမှန်တကယ်သေဆုံးသွားခြင်းမျိုးမဟုတ်ဘဲ အတွင်းအားအလွန်အကျွံအသုံးချမှုကြောင့်လုံလုံလောက်လောက်အနားယူဖို့လိုအပ်နေခြင်းသာ။နှင်းတမျှအေးစက်နေသောဝမ်းခယ့်ရှင်၏ဖြူဖွေးနေသော ပါးပြင်ကိုလက်မနှင့်အသာပွတ်သပ်ရင်း ကျိုးကျစ်ရှုး၏မျက်ဝန်းထောင့်စွန်းများကငွေ့ရည်ဖွဲ့လာလေသည်။

''နှစ်ခါရှိနေပြီ လောင်ဝမ်း...ဒီလိုမျိုးပုံစံနဲ့ ငါ့ကိုထားရစ်ခဲ့တာ...ငါရူးပြီးသေသွားတာမြင်ချင်လို့လား''

ပထမအကြိမ် ချင်းယာတောင်ကြား၌ဝမ်းခယ့်ရှင်၏အယောင်ဆောင်သေဆုံးမှု၌လည်း ကျိုးကျစ်ရှုးတစ်ယောက်ယူကြုံးမရဖြစ်သည်အထိခံစားခဲ့ရသည်။အမြဲလိုလို မိမိနောက်တကောက်ကောက်လိုက်ရင်း စာတစ်တန်ပေတစ်တန်နှင့်ခေါင်းကိုက်စရာကောင်းလှသည်ထိပြောဆိုပြုမူတတ်သောထိုလူသားမှာစိတ်ရှုပ်စရာကောင်းလှသော်လည်း တစ်ချိန်တည်းမှာပင်မိမိကိုနားအလည်နိုင်ဆုံးသူဖြစ်နေလေသည်။ထိုသူ၏ရုတ်တရက်သေဆုံးမှု၌ ကျိုးကျစ်ရှုးမှာ ဖြစ်ပျက်သမျှလိုက်မမှီလောက်အောင်ဖြစ်ခဲ့ရသည်။

Tian Ya Ke & Shen He Ling One Shot FictionWhere stories live. Discover now