🐺Unicode🐍
"ခရီးထွက်ပြီးနောက်ပိုင်း စိတ်ပေါ့ပါးသွားတဲ့ပုံပဲရိပေါ်။"
မသိမသာပြုံးယောင်သမ်းနေခဲ့တဲ့ ရိပေါ်မျက်နှာကြောင့် ယွီချန်က လက်ထဲကကော်ဖီပူပူကို အသာမှုတ်ရင်း မေးလာခဲ့တယ်။ ရိပေါ်ကတော့ နှုတ်ခမ်းတွန့်ရုံပြုံးပြီး ခေါင်းအသာညိတ်ပြတယ်။
"ဒီနေ့ ကိုယ့်ကိုယ်ကို ဘယ်နှစ်မှတ်လောက်ပေးချင်လဲ။"
"အနည်းဆုံးက ဘယ်နှစ်မှတ်လဲ။"
"တစ် ဂဏန်းက အနည်းဆုံးပေါ့။"
"ဒါဆို သုံးမှတ်လောက်တော့ ပေးချင်တယ်။"
ရိပေါ်ရဲ့ တွေဝေခြင်းမရှိ ဖြေလာတဲ့အဖြေကြောင့် ယွီချန်ကောကတော့ အသာပြုံးတယ်။ ရိပေါ်ကို အကဲခတ်ကြည့်တော့လည်း ထူးထူးခြားခြားပြုံးယောင်သမ်းနေတယ်။
"ကောထင်တာ ငါးမှတ်လောက်တော့ ရိပေါ်ပေးလိမ့်မယ်ထင်နေတာ။"
ရိပေါ်ကတော့ ရယ်တယ်။ ယှက်ထားတဲ့လက်နှစ်ဖက်ကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း ခြေထောက်တစ်ဖက်ကို ဂနာမငြိမ်စွာ လှုပ်ခါရင်း မျက်လုံးအစုံကလည်း အခန်းထဲ မြင်မြင်သမျှဝေ့ဝိုက်ကြည့်လို့ အလွန်အမင်းပျော်ရွှင်နေတဲ့လေသံနဲ့ပြောလာတယ်။
"ကျွန်တော့်သူငယ်ချင်းနှစ်ယောက် လိုက်လာတယ်။"
ရိပေါ်စကားကို နားမလည်တဲ့ယွီချန်က မျက်ခုံးအသာပင့်မိတော့ ရိပေါ်က ခေါင်းငုံ့ပြီးရယ်ပြန်တယ်။
"ကျွန်တော်ခရီးသွားတာကို သူတို့နှစ်ယောက် လိုက်လာတယ်လေ။ ဘာလို့လိုက်လာတာလဲမေးတော့ စိတ်ပူလို့တဲ့။ ဟက်။"
ရိပေါ်က ဂနာမငြိမ်စွာလှုပ်နေတဲ့ခြေထောက်ကို ဂရုမစိုက်နိုင်စွာဘဲ ပိုပိုလှုပ်လို့ ယှက်ထားတဲ့လက်နှစ်ဖက်ကိုလည်း ခါရမ်းရင်း အောက်နှုတ်ခမ်းကို အတင်းဖိကိုက်ပြီး ခေါင်းငုံ့ရယ်နေတော့တယ်။
"ရိပေါ် ပျော်လား။"
ယွီချန့်မေးခွန်းအဆုံး ရိပေါ်က တလက်လက်တောက်ပနေတဲ့ မျက်ဝန်းအစုံနဲ့ မော့ကြည့်လာတယ်။ မျက်နှာတစ်ခုလုံးမှာလည်း ရွှင်မြူးရိပ်တို့က အပြည့်။ သို့ပေမယ့် စိတ်ရောဂါဆရာဝန်ဖြစ်တဲ့ ယွီချန်ကတော့ သူ့ရှေ့မှာထိုင်နေတဲ့ကောင်လေးက သူ့ကိုယ်သူညာပြီးပျော်ချင်ယောင်ဆောင်နေတယ်ဆိုတာ ချက်ချင်းကိုရိပ်မိခဲ့တယ်။
![](https://img.wattpad.com/cover/274566019-288-k684028.jpg)
CZYTASZ
PSYCHO FRIEND (Season-2)
Tajemnica / Thriller🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ...