🐺Unicode🐍
စားသောက်ပွဲကျင်းပနေတဲ့အတောအတွင်း သူတို့အားလုံး စကားအများကြီးပြောဖြစ်ကြတယ်။ CEO ရှောင်၊ CEO ယွဲ့၊ ယွဲ့မင်ဖန်၊ ယွဲ့မင်ရီနဲ့ ရိပေါ်တို့က စီးပွားရေးအကြောင်းတွေ တစ်ချက်တစ်ချက် ထထဆွေးနွေးတဲ့အခါမှာ ရှောင်ကျန့်က နှုတ်ခမ်းဆူပြီး
"ဒါကျွန်တော့်မွေးနေ့လေးဆိုတာလည်း အမှတ်ရကြပါဦး။ မသိရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တွေ့ဆုံတဲ့ပွဲကျနေတာပဲ။"
ဆိုပြီး ဆူအောင့်အောင့်နဲ့ပြောလာတဲ့အခါ တစ်ဝိုင်းလုံးက ပွဲကျရတယ်။ ရှောင်မားမားကတော့ 'ငါ့သားလေး မှန်တယ်။' ဆိုပြီး စားစရာတွေကို ရှောင်ကျန့်ပန်းကန်ထဲ တစ်ခုပြီးတစ်ခု ထည့်ပေးနေတော့တယ်။
"စီးပွားရေးသမားအချင်းချင်းတွေ့တော့ အကျင့်ပါသွားတာပါ။"
ရိပေါ်က ရှောင်ကျန့်နားကပ်ရင်း ရယ်ကျဲကျဲနဲ့ပြောမိတော့ ရှောင်ကျန့်က တံတောင်နဲ့ တွတ်လေရဲ့။ ရိပေါ်မှာတော့ ရယ်သာ ရယ်နေမိတော့တယ်။
စားသောက်ပွဲကြီး ပြီးဆုံးသွားတဲ့နောက် တစ်ယောက်ချင်းစီက ရှောင်ကျန့်ကို မွေးနေ့လက်ဆောင် ပေးကြတယ်။ ရိပေါ်မှာတော့ ရှောင်ကျန့် သူ့ထံလှည့်မလာခင် အပြစ်ကျူးလွန်ထားသူတစ်ယောက်လို ခေါင်းကိုသာ အတင်းငုံ့ထားမိတယ်။ အားလုံး လူစုံတက်စုံ မွေးနေ့လက်ဆောင် ကိုယ်စီပေးပြီးသွားတဲ့နောက် ရိပေါ်တစ်ယောက်သာ ကျန်တော့တဲ့အချိန်။ ရှောင်ကျန့်ကလည်း ရိပေါ်ဘက်ကိုလှည့်လာပြီး လက်ဖြန့်လာတယ်။
"ငါ့အတွက် မွေးနေ့လက်ဆောင်။"
ရိပေါ် ခေါင်းသာ ကုတ်လိုက်မိတယ်။
"ရှောင်ကျန့် ငါလေ..."
"အင်း။"
ရိပေါ် မတတ်သာတဲ့အပြုံးမျိုးနဲ့သာ ပြုံးပြမိပြန်တယ်။
"ဘာဝယ်ရမှန်းမသိလို့..."
"အင်း..."
ရှောင်ကျန့်က သူ့ကို ခေါင်းစောင်းပြီး ကြည့်လာတယ်။ လေသံထဲမှာတော့ စိတ်မရှည်မှုတို့ ရောစွက်နေသလို။
"ဘာမှမဝယ်ခဲ့ဘူး။"
ရိပေါ်စကားအဆုံး ရှောင်ကျန့်ထံက ပြန်ဖြေသံလည်း မကြားရတော့သလို တစ်ဝိုင်းလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားရတယ်။ ရိပေါ်လည်း ခေါင်းအသာကုတ်ရင်း သွားဖြဲရယ်ပြလိုက်တဲ့နောက် တစ်ဝိုင်းလုံးက တဟားဟားအော်ရယ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတော့တယ်။ ရှောင်ကျန့်မှာတော့ ရယ်ရခက်၊ ငိုရခက်နဲ့ ခေါင်းရမ်းပြီး ရယ်နေတော့တယ်။
![](https://img.wattpad.com/cover/274566019-288-k684028.jpg)
KAMU SEDANG MEMBACA
PSYCHO FRIEND (Season-2)
Misteri / Thriller🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ...