မြတ်နိုးခွင့် -16(U)

132 16 6
                                    

မြတ်နိုးခွင့် -16

"အတွင်းရေးမှူးကိုဝယ်ခိုင်းလို့ရသားနဲ့"

"ဥက္ကဌကြီးကိုအဲ့လိုမပြောရဘူးလေ"

လက်ထဲရောက်လာတဲ့ကော်ဖီအေးဘူးကို
ကြည့်ရုံ‌လေးနဲ့ ကိုယ့်မှာချိုမြိန်နေသည်

companyမှာမို့လုပ်ငန်းသဘောအရဆက်ဆံနေရတော့
ကလေးရဲ့မကြည်ဖြူမှုလေးတွေကပုံစံတမျိုး

ဥက္ကဋ္ဌဖြစ်ရတာသိပ်ကောင်းလှပါလား
ဟိုအလုပ်တွေရပ်လိုက်ပြီးဒီမှာပဲလုပ်ရင်ကောင်းမလား..
Haha...အဲ့လိုလုပ်လို့ရရင်သိပ်ကောင်းမယ်နော် ကလေး

"နည်းနည်းလောက်နှိပ်ပေးပါလားး
အလုပ်တွေများတော့ညောင်းညာနေတာပဲ"

မသိမသာနဲ့အံကြိတ်လိုက်တဲ့ကလေးကြောင့်
ရယ်ချင်စိတ်ကိုမနည်းမျိုသိပ်ထားရသည်

ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ
ဒီမှာအလုပ်လုပ်ချင်လို့သူပဲရွေးချယ်တာဆိုတော့
ငြင်းလ်ို့မရတော့ဘူးလေ

ကိုယ့်ကလေးကလူကြီးလူကောင်းဆိုတော့ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိုခွဲခြားတတ်လို့သာတော်သေးတယ်

"အာ့ အားး!! နာတယ် ဖြေးဖြေးး"

ထင်တဲ့အတိုင်းအညှိုးတွေစုပုံကာပခုံးကိုတအားဖိညှစ်လိုက်တာမို့အောင့်သွားတာသေမတတ်

ဒီအားသန်တဲ့Judoဆရာလေးကိုမှ
ကိုယ်ကမကြောက်မရွံ့နှိပ်ခိုင်းမိတယ်
အရိုးတွေတော့ကျိုးကြေကုန်ပြီထင်ပါရဲ့

"ရပြီ ရပြီ အား ကျွတ်ကျွတ်"

သူစိတ်ပြေအောင်၅မိနစ်လောက်နှိပ်ခိုင်းပြီးမှ
ကိုယ့်ပခုံးကိုယ်ပြန်ပွတ်နေမိသည်

အညိုအမဲတွေဘာတွေများစွဲသွားသလား ဒါမှမဟုတ်
အတွင်းသားတွေများ‌ကြေသွားသလားလို့တောင်ထင်ရသည်
jihoနဲလေ့ကျင့်ရေးတွေလုပ်တုန်းကနာတာထက်ကို
ပိုနာနေတယ်

ဥက္ကဌကြီးဖြစ်နေလဲကိုယ့်ကလေးကမညှာဘူးပဲ 
ရက်စက်လိုက်တာ

"ခဏနေရင် သူဌေးဟုန်းနဲ့ တခြားရှယ်ယာရှင်တစ်ယောက်လာဖို့ရှိတယ်"

မြတ်နိုးခွင့်Where stories live. Discover now