Tag - ZSWW | Slowburn | Sad Ending
ဘယ်ကနေစပြီး ဘယ်လိုမှားယွင်းခဲ့လဲဆိုတာ သေချာမပြောတတ်တော့ဘူး။ သေချာတာတော့ ကျွန်တော်ရော ခင်ဗျားရောမမှန်ခဲ့ကြဘူး။
"ကျန့်ကော၊ ကျွန်တော် ကျန့်ကောကိုချစ်တယ်"
"အင်း၊ ငါလည်း မင်းကို သဘောကျပါတယ်"
ဒါပါပဲ။ သွားသာ သွားတယ်၊ ပြန်မလာခဲ့တဲ့ အခြေအနေမျိုး ခင်ဗျားတို့ ကြုံဖူးမှ ကျွန်တော့်အဖြစ်ကို နားလည်ပါလိမ့်မယ်။ အမှန်တကယ်က ကျွန်တော် ချစ်မိတာထက် အားကိုးမိသွားတာ။
ကျွန်တော်ဟာ သီးသန့်ဆန်တယ်။ ဘယ်သူ့ရဲ့ စောက်ဖက်လုပ်ခြင်းကိုမှ မခံရတဲ့ ကျွန်တော်က ကျန့်ကောသာဆိုရင်၊ ဟိုအရင်ကတည်းက ကျွန်တော့်နားမှာ နေခဲ့တဲ့ ကျန့်ကောသာဆိုရင် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပြိုလဲပြခဲ့တာပါပဲ။
~~~~~~~
ကျွန်တော်တို့ တွဲခဲ့ကြတယ်။ ဟုတ်ပါတယ် ဒါရီစရာမဟုတ်ပေမယ့် ကျွန်တော့် တစ်ဖက်သက်အချစ်ကို ကျန့်ကောက လှလှပပလေး ကစားဖြစ်တဲ့ အခါ ကျွန်တော် ထိုအရာကို အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။
"ဒီည ကိုယ်သွားစရာရှိတယ်"
"ဒီည party .."
"ကိုယ့်သူငယ်ချင်း နေမကောင်းလို့"
ဒီဆင်ခြေစကားတွေရဲ့နောက်မှာ ခြေလှမ်းတချို့ ပျက်နေတာလည်း သိရပါတယ်။ ပြန်ကြားရပါတယ်။ အားကိုးချင်မိလို့ ပုံအပ်ပြီးပြီပဲ။ နင်းပဲချေချေ နတ်ပဲတင်တင် ခင်ဗျား ပျော်ရာ လုပ်နိုင်ပါတယ်။
~~~~~~~
"Cloud 9 Entertainment ရဲ့ CEO , Xiao Zhan က မင်းသမီး ယင်းလီနဲ့ တွဲနေတယ်"
ခေါင်းစီးကိုက အဲ့လိုပါလာတဲ့အခါ တစ်ခါမှ အဖက်မလုပ်ခဲ့ကြတဲ့ ရိပေါ်သူငယ်ချင်းတွေက
ရိပေါ်ကို သနားရိပ်ယောင်တွေပြပါတယ်။ ကျန့်ကောနဲ့ ရှိတဲ့အချိန် ပျော်နေနေ စိတ်ညစ်နေနေ ကျွန်တော့်ရဲ့ dark side ကိုမပြချင်တဲ့အခါ ကျွန်တော်ဟာ ကျန့်ကောဆိုတဲ့ ကမ္ဘာငယ်ထဲမှာ ပျော်သလိုနေထိုင်ဖြစ်ပါတယ်။
YOU ARE READING
One Shot, One Tale (ZSWW Fanfictions)
FanfictionTag - ZSWW, multi-type, oneshot Please, enjoy <3