Tag - ZSWW | Slowburn | Ancient
ခရစ်နှစ် ၉၀၇ ခုနှစ် ၊ တန်မင်းဆက် နှောင်းပိုင်း။
လှုပ်ရှားမှုကြောင့် တချွင်ချွင် အသံမြည်နေတဲ့ ချပ်ဝတ်တန်ဆာတွေရဲ့ အသံနဲ့ စီးနင်းလာတဲ့ မြင်းဖြူတော်ရဲ့ ခွါသံက တစ်ထပ်တည်း တစ်သားတည်း။
"မြို့စားမင်း သက်တော်ရာကျော်ရှည်ပါစေ၊
သခင်ရှောင်း တိုက်ပွဲကို အောင်နိုင်လာခဲ့ပြီ" စတဲ့ အော်သံတွေက ရှောင်းပြည်ထောင်ရဲ့ စျေးလမ်းလေးတွေကစလို့ ပြည်မကြီးရဲ့ လမ်းတွေပေါ်မှာပါ ဟစ်ကြွေး မြည်ဟီးလို့ ။စီးတော်ရှင် မြင်းဖြူကြီးပေါ်ကနေပြီး ရန်သူသွေးတွေ စွန်းပေးလာခဲ့တဲ့ ပတ္တမြားချယ်ဓါးရှည်ကို မြှောက်လို့ အောင်မြင်မှုကို ပြသရင်း နှုတ်ခမ်းပါးတို့က ပြုံးပြုံးဝင့်ဝင့်ရယ်နဲ့ ။
ရှောင်းပြည်ထောင်ရဲ့ မင်းသားနံပါတ်လေး တစ်ဖြစ်လဲ မြို့စားနယ်ခံ သခင်ရှောင်းကျန့်က တကယ် အသရေပြည့်စုံစွာ တင့်တယ်လွန်းလှပါတယ် ။
ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက သူ့လက်ထဲမယ်။ ရဲရင့်မှုနဲ့ ထက်မြက်မှုတို့ကလည်း ခြံရံတယ် ။
ရှေ့ဆက်လျှောက်ရမယ့် ထီးနန်းခရီးလမ်းမဖြောင့်ဖြူးရတဲ့ အချက်တစ်ချက်ဟာ သခင်ရှောင်းက ရှောင်းပြည်ထောင် ရေမြေ့သက်နှင်းရဲ့ ကိုယ်လုပ်တော်ကမွေးတဲ့ သားတစ်ယောက်ဖြစ်နေပေလို့ပဲ ။~~~~~~~
"သခင်ရှောင်း ... မင်းကြီးက နန်းတော်ထဲ အခစားဝင်ဖို့ စေလွှတ်လိုက်ပါတယ် ..."
တရုတ်ဇီးသီးစေ့ ၊ ပန်းနှင်းပေါင်းအဆီတစ်ထောင် နဲ့ တောလင်ဇီးအနံ့တို့ကို ပေါင်းပြီး ရေနွေးနဲ့ အကြောအချဉ်ပြေအောင် ရေစိမ်နေရင်းနဲ့မှ ကိုယ်ရံတော်တပ်မှူးရဲ့ အသံအက်အက်ကို ကြားလိုက်ရပါတယ် ။
ထင်ပါတယ် ။
အောင်မြင်မှု တစ်ခုခုများ ရယူလာလိုက်ပြီဆိုတာနဲ့ ပြည့်ရှင်မင်းက ရှောင်းကျန့်ကို တစ်ခုခု နစ်နာအောင် ပြန်လုပ်လေ့ရှိတယ် ။မင်းသားတို့ တတ်အပ်တဲ့ အဌာရသအတတ်တွေ သင်ကြား စစ်ဆေးရတုန်းက ရှောင်းကျန့်ပထမရခဲ့လို့ ဝက်ဝံညိုကြီးနဲ့ နပန်းသတ်ရတာတွေ ။
ESTÁS LEYENDO
One Shot, One Tale (ZSWW Fanfictions)
FanficTag - ZSWW, multi-type, oneshot Please, enjoy <3