Tag - ZSWW | Romance | Fluffy
Kyoto မြို့လေးဟာ သိပ်လှတယ်။ ရှောင်းကျန့် ပြောင်းလာတာ မှန်တယ်လို့ ခံစားရပါတယ်။ ကျောင်းနားနီးတဲ့ အိမ်လှလှလေးကို သူဝယ်ထားပါတယ်။ အပေါ်ထပ်မှာ သူနေမယ်။ အောက်ထပ်မှာ ကော်ဖီဆိုင်လေးဖွင့်မယ်။
ကော်ဖီဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေမဆင်ရသေးခင်။ ရှောင်းကျန့် ဆိုင်နံရံလေးကို အဝါရောင် ဆေးသုတ်ပါတယ်။ အဝါရောင်က ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်။
~~~~~~
ရက်သတ္တပတ်ရဲ့ ပထမဆုံးနေ့။ တနင်္လာနေ့မဟုတ်တဲ့ တနင်္ဂ နွေနေ့။ ရှောင်းကျန့် ကော်ဖီဆိုင်လေးဟာ လူအနည်းငယ်ပါးနေပါတယ်။
ကြားရက်တွေမှာ ကျောင်းသူကျောင်းသားတွေ ပြည့်နှက်နေတတ်တော့ ရှောင်းကျန့်က စာအုပ်စင်လေးတွေပါ ထည့်ထားပေးပါတယ်။ ကျောင်းသူလေးတွေကတော့ စာအုပ်ထက် ရှောင်းကျန့်ကို ငေးပြီး ဂျပန်စကားတချို့နဲ့ နောက်ပိုးတတ်ကြပါတယ်။
ရှောင်းကျန့်ကတော့ တပြုံးပြုံးပါပဲ။ ဆိုင်တံခါးကို ဆွဲဖွင့်သံနဲ့ အတူ ခေါင်းလောင်းသံ ခပ်လွင်လွင် မြည်လာခဲ့တယ်။
"Konichiwa !"
ကျောင်းသူကျောင်းသားအရွယ် ကလေးတစ်အုပ်စုက ရှောင်းကျန့် နှုတ်ဆက်တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးပြပါတယ်။ သူတို့လက်ထဲမှာ ကိတ်မုန့်တစ်လုံးပါလာတယ်။ တိတိကျကျပြောရရင် ..အဝါရောင် Minion Hoodie လေးဝတ်ထားတဲ့ ဆံပင်ရွှေရောင် ဖြူလုံးလုံးကောင်လေးရဲ့ လက်ထဲမှာ ချော့ကလက် ကိတ်မုန့်တစ်လုံးပါလာတယ်။
ရှောင်းကျန့်အမေကပြောဖူးတယ်။ တွေ့တွေ့ချင်းမှာ ရင်ခုန်ရင် အချစ်စစ်တဲ့။ ရှောင်းကျန့် ချုံချင်မှာ ကျန်ခဲ့တဲ့ အမေကို လှမ်းမေးခွန်းထုတ်ကြည့်ချင်ပါသေးတယ်။ စစချင်း ရင်ခုန်မှုက gender ရော ခွဲခြားထားပါသလားလေ။ နောက် သူတို့ ဂျပန်လိုပြောနေတာ တချို့ ရှောင်းကျန့်နားလည်ပါတယ်။
အဝါကောင်လေးက သူငယ်ချင်းမွေးနေ့မို့ ကိတ်မုန့်ဖုတ်လာတဲ့အကြောင်း နာမည်မှားရေးမိမှာစိုးလို့ သူငယ်ချင်းတွေကိုမေးပြီး ချရေးမယ်လုပ်မှ Cream အထုပ်မေ့ခဲ့ကြောင်း ..စသဖြင့်ပေါ့လေ။
BẠN ĐANG ĐỌC
One Shot, One Tale (ZSWW Fanfictions)
FanfictionTag - ZSWW, multi-type, oneshot Please, enjoy <3