Tag - ZSWW | Drama | Open Ending
"လမ်းခွဲကြမယ်"
ဖြောင်းကနဲ ပါးရိုက်ခံလိုက်ရတဲ့အသံနဲ့အတူ ကောင်မလေးတစ်ယောက်ဟာ ငိုယိုပြီးလှည့်ထွက်သွားတယ်. ဒါဟာ အိမ်က ကိစ္စတွေအကုန် သိသွားပြီးနောက် ထားခိုင်းတဲ့ ဒုတိယရည်းစားဖြစ်တယ်။
သူကောင်မလေးနာမည်လည်းမမှတ်မိဘူး။ ဘယ်သူမှန်းလည်းသူမသိဘူး။ နှုတ်ခမ်းဖျားက မှဲ့နက်လေးတစ်ခုပါနေတာကြောင့်ပဲ သူ ဒီမိန်းကလေးကို ရွေးချယ်ခဲ့မိတာဖြစ်မယ်။
စပ်ဖျင်းဖျင်းဖြစ်သွားတဲ့ ပါးတစ်ဖက်ခြမ်းကို ပွတ်သပ်ရင်း ရိပေါ်ဟာ message တစ်ခုကို လှမ်းပို့တယ်။ သေချာပေါက် ရှောင်းကျန့်ဆီကိုပဲပေါ့။
"Wanna light my cigarette ?"
"I'm already here !"
ခပ်လှမ်းလှမ်းမှာ ရှောင်းကျန့်ဟာ ကားကိုမှီပြီးရပ်စောင့်နေတယ်။
"ရောက်နေတာကြာပြီလား"
"အင်း၊ မင်းကောင်မလေး drama စချိုးကတည်းက"
"Shut the fuck up ! She's not my girlfriend anymore"
"ယဉ်ယဉ်ကျေးကျေးပြော ငါက မင်းထက်အသက်ဆယ်နှစ်ကြီးတယ်"
"ဪ please shut the fuck up ပါနော်၊ သက်ကြားအိုကြီး"
ရှောင်းကျန့်ဟာ ရိပေါ့်ကိုဆောင့်ကန်ရင်းနဲ့ lover seat ဘက်သွင်းလိုက်ပါတယ်။ သူကိုယ်တိုင်လည်း driver seat မှာ ဝင်ထိုင်လိုက်ရင်း စီးကရက်သောက်နေတယ်။ ရိပေါ်ကတော့ ကွိုင်ထရူးပုလင်းကို ကောက်မော့နေဆဲ။
"ကျွန်တော် ခင်ဗျားမရှိရင် မနေနိုင်လောက်တော့ဘူးထင်တယ်"
"နောက်တော့ နေတတ်သွားမှာပေါ့"
"စောက်ရူးကြီး၊ နည်းနည်းလောက် ပြန်ပြီး နှစ်သိမ့်ပေးသင့်တာ"
ပြောပြီးတော့ ရှောင်းကျန့် လက်ထဲက စီးကရက်ကို ရိပေါ်က ဆွဲယူကာ ဖွာတယ်။ Overdose ဖြစ်သွားမှာကြောက်ပေမယ့် ဒီကောင်လေး ဒီလိုမှ မခံစားနေရရင် တခြားထွက်ပေါက်ရှာသွားမှာ ရှောင်းကျန့်စိုးရိမ်မိပြန်တယ်။
"ခင်ဗျားအဖေကို ပြောကြည့်ပါလား၊ same gender ချင်းလက်ထပ်လို့ရတဲ့နေရာသွားပါ့မယ်လို့ ဒီကိုလည်း ပြန်ခြေမချပါဘူးလို့"
DU LIEST GERADE
One Shot, One Tale (ZSWW Fanfictions)
FanfictionTag - ZSWW, multi-type, oneshot Please, enjoy <3