တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဆေးရုံတွေထဲကတစ်ခု... ထည်ထည်ဝါဝါဆောက်လုပ်ထားတဲ့ ဤဆေးရုံကြီးသည် လူကုန်တန်အသိုင်းအဝိုင်းတွေသာတတ်ရောက်ဆေးကုသနိုင်ပါကြောင်းကို အပြင်ပိုင်းကြည့်ရုံနဲ့တင်သိအောင် အပြင်အဆင်တွေနဲ့တမင်ဖော်ပြထားသလိုပါပင်။
ဆေးရုံဝန်းအတွင်းသို့ တရကြမ်းမောင်းနှင်လာတဲ့ မီးခိုးရောင်ကားတစ်စီးသည် ဆေးရုံအရှေ့တွင် ထိုးရပ်လိုက်သည်နှင့်
လူတကာရဲ့အလန့်တကြား အာရုံစိုက်ခံရလောက်အောင် ကျွီခနဲအသံကျယ်ကျယ်မြည်သွားသည်က သူဘယ်လောက်အရှိန်တင်မောင်းလာလည်း မှန်းဆနိုင်သည်။Smartကျကျ နေကာမျက်မှန်တစ်လတ်ကိုတပ်၍ ဘေးခုံပေါ်ကSupermarketတစ်ခု၏တံဆိပ်နဲ့ အထုတ်ကြီးအထုတ်ငယ်ကိုဆွဲယူကာ သူမကားပေါ်ကဆင်းလိုက်သည်။
ဖြောင့်စင်းနေတဲ့ Chocolateရောင်ဆံနွယ်တွေကိုသေသပ်စွာချ၍ သမင်မွှေးရောင်ဘလောက်အင်္ကျီကို အနောက်ခွဲထားတဲ့ဒူးအထက်စကတ်ထဲထည့်ဝတ်ထားတဲ့ပုံစံက သွယ်လျတဲ့ခန္တာကိုယ်အချိုးအစားနဲ့လျှော်ညီသလို နဂိုရှည်လျားတဲ့အရပ်ကိုမှ လေးလက်မလောက်အမြင့်ရှိ ဒေါက်ဖိနပ်ချွန်ချွန်ကို တစ်ခွပ်ခွပ်မြည်အောင်လျှောက်၍ လက်တစ်ဖက်ကကားသော့ကိုဝှေ့ယမ်းကာ ဆေးရုံထဲသို့အေးအေးလူလူဝင်သွားတဲ့သူမသည် အသက်၄၀အရွယ်ဆိုတာ ယုံနိုင်ဖွယ်ရာတစ်စက်မှမရှိအောင်ပင် လူအများရဲ့အမြင်အာရုံကိုပါဖမ်းယူလိုက်နိုင်ပါသေးသည်။
သူမရဲ့ဦးတည်ရာသီးသန့်အခန်းလေးရဲ့အရှေ့ကိုအရောက် တံခါးလက်ကိုင်ကိုဆွဲဖွင့်၍ ဝင်လိုက်ပြီးချိန်မှာတော့ ကုတင်ပေါ်မှာထိုင်လျှက် ပြတင်းပေါက်အပြင်ဘက်ကိုငေးနေသည့် သူငယ်ချင်းဖြစ်သူကို နံရံမှာမှီ၍လက်ပိုက်ကာ အသာကြည့်နေပြီးမှ
သူရောက်နေမှန်းသိအောင်အသံပြုလိုက်သည်။"Yaaa! Lalisa "
ခပ်ဆောင့်ဆောင့်အသံနှင့်ခေါ်လိုက်တော့လန့်သွားပုံရတဲ့သူမရဲ့ ကျောပြင်ဟာတုန်ခနဲ ထို့နောက်လှည့်ကြည့်လာတဲ့Lisaရဲ့မျက်နှာမှာအလိုမကျမူ့တွေအပြည့်နဲ့
"Park Chaeyoung...!!နင်ဘယ်အသက်အရွယ်ကြမှ အခန်းတံခါးကိုခေါက်ပြီးဝင်မယ်လို့စိတ်ကူးထားလဲ"