Lalisaအိမ်ရဲ့ နှစ်ရပ်ကွက်ကျော် လမ်းချိုးလေးတစ်ခုနားက ချောင်ကျပြီးလူရှင်းတဲ့ခပ်သေးသေးစာအုပ်ဆိုင်တစ်ခုသည်ကျောင်းပိတ်ရက်တွေမှာ သုံးယောက်သားဆုံဖြစ်လေ့ရှိတဲ့နေရာ ဖြစ်တယ်။
"Chaeyoungကနောက်ကျလိုက်တာ..အခုထိလည်းမလာသေးဘူး"
အဝင်တံခါးကိုကြည့်ပြီး ဆူပွပွပြောတဲ့Jennie ရဲ့စကားကိုဂရုမစိုက်နိုင်အောင် Lisaက သူမရဲ့Jennieပေါက်စကိုမေးထောက်၍ သတိလက်လွတ်ငေးနေတယ် ။ Jennie လက်ထဲကကာတွန်းစာအုပ်နဲ့ Lisaမျက်နှာရှေ့ဝေ့ယမ်းကာ
ဖြင့်.."ဟဲ့...ငါပြောတာကြားလား"
"ဘာဖြစ်လဲ!! သူမလာသေးတော့လည်း ငါတို့နှစ်ယောက်ထဲအချိန်ပိုပိုနေရတာပေါ့"
"Lisa....နင်ဟာလေ!!"
ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာ ပန်းနုရောင်သန်းလာတဲ့ Jennieက Lisaဆီကအကြည့်ကိုလွဲကာ ဆက်စပ်မူ့မရှိတဲ့စကားကိုစပြောတယ် ။
"Chaeyoung ကနင့်ကြိုက်နေတယ်ထင်တယ်Lisa !"
Jennieရဲ့စကားအဆုံး Lisaကခဏတာကြောင်အမ်းအမ်းဖြစ်ပြီးမှ ဟက်ဟက်ပက်ပက်ရယ်မောတယ် ။
"Chaeyoungကငါ့ကိုကြိုက်တယ်....ဟား ဟား...သေပါပြီJennieရယ်!
အဲ့ဒီအစား အနောက်အရပ်က နေထွက်တယ်ဆိုတာကမှဖြစ်နိုင်ဦးမယ် ၊ ပြီးတော့ငါ့မှာလည်း ငါကြိုက်နေတဲ့လူရှိပြီးသားလေ""ဘယ်သူလဲ !"
အောက်ကြမ်းပြင်ကို အဓိပ္ပာယ်မဲ့ငေးရင်း Jennieက ခပ်တိုးတိုးမေးတော့ Lisaက Jennieရဲ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံစေတယ် ။
"နင်လေ Jennie..! ငါနင့်ကိုသဘောကျနေတာကြာပြီ...မဟုတ်ဘူး သေချာတယ်
ငါနင့်ကိုချစ်တာ"Lisaရဲ့စကားတွေက အလေးအနက်ဖြစ်ကြောင်း မျက်လုံးတွေကအတိအကျဝန်ခံတော့ ရှက်သွားပုံရကာအောက်ငုံသွားတဲ့Jennieရဲ့မျက်နှာက ကလေးပေါက်စလေးသဖွယ် ။Lisaလက်နှစ်ဖက်ဖြင့်အဲ့ဒီမျက်နှာလုံးလုံးလေးကိုအုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းပါးတွေကိုစုပ်ယူနမ်းရှိုက်တော့ငြိမ်သက်စွာခံယူတယ် ။
အဲ့ဒီနေ့က တံခါးအကွယ်ကနေအသာရပ်ကြည့်ပြီး ပြန်လှည့်ထွက်သွားတဲ့ ခြေလှမ်းတစ်စုံကိုတော့ဘယ်သူမှသတိထားမိလိုက်မည်မဟုတ် ။