အေးတိအေးစက်နဲ့ ဂျစ်တီးဂျစ်ကန်နိုင်တဲ့ Park Chaeyoungရဲ့ အကျင့်စရိုက်က တစ်ချို့တစ်ဒေသမှာ သိပ်အကျုံးဝင်နေပြန်ရော။
အဲ့ဒီနေ့က Kim Jennieကုန်တိုက်တစ်ခုမှာလိုအပ်တဲ့ပစ္စည်းတစ်ချို့ဝယ်ယူရင်း ဆီးအိမ်ထဲက တစ်စုံတစ်ရာရဲ့လှုပ်ဆော်မူ့ကြောင့် သန့်စင်ခန်းဆီသို့ အလျင်အမြန်အပြေးတွင် အလျှင်လိုနေသည့်ကိုယ်က သန့်စင်ခန်းကထွက်လာတဲ့ မိန်းကလေးတစ်ချို့နှင့်တိုက်မိလေ၏
"sorryပါ အလျင်လိုနေလို့"
လှည့်တောင်မကြည့်နိုင် ဒီလောက်သာ Jennieပြောနိုင်ပြီးကိုယ့်ကိစ္စကိုယ်အမြန်ဖြေရှင်းရသည်။
ပြဿနာတစ်ခုမဟုတ်ပါပဲ ပြဿနာအမည်အတပ်ခံရခြင်းက Jennieသန့်စင်ခန်းကပြန်ထွက်လာချိန်မှစတယ်။ခုနကဝင်တိုက်မိလိုက်တဲ့ လူတစ်ချို့ကJennieကိုဝိုင်းထားခြင်း
"မင်းခုနက ဘာလို့ငါ့ကိုဝင်တိုက်တာလဲ"
"အလျင်လိုနေလို့ပါ တမင်ဝင်တိုက်တာမဟုတ်ပါဘူး"
ပုံစံတွေက မိုက်တိမိုက်ကန်းတွေမလို့Jennie ခပ်ပြက်ပြက်ပြောကာသွားရန်ပြင်သည်။ သွားခွင့်မပေးတာက သူတို့အုပ်စု။
"ဒီမှာ!! လူတစ်ယောက်လုံးကိုဝင်တိုက်ပြီး ဒီလိုလွယ်လွယ်နဲ့သွားလို့ဘယ်ရမလဲ"
မတော်တဆဝင်တိုက်မိခြင်းက ဒီလောက်ထိကြီးကျယ်သွားမယ်လို့ Jennieတစ်ကယ်မထင်မိပါ။
အုပ်စုလိုက် Jennieကိုဆွဲခေါ်၍ကုန်တိုက်အနောက်ဘက်လူပြက်သည့်တစ်နေရာသို့အရောက်။"မင်းငါတို့ကိုဘာပြန်လုပ်ပေးမှာလဲ"
နှစ်ယောက်ကချုပ်၍ တစ်ယောက်ကမေးနေပြီး ကျန်နှစ်ယောက်ကဝိုင်းထားသည့်အဖြစ်ကိုမလှုပ်နိုင်ပဲငြိမ်ခံနေရတဲ့Jennie ကိုယ့်ကိုယ်ကိုယ်လည်းစိတ်တိုမိသလို ကြောက်လည်းကြောက်မိသည်။
"ဝင်တိုက်မိတဲ့ကိစ္စဆိုတောင်းပန်ပြီးပြီပဲ တခြားဘာထပ်လုပ်ပေးရဦးမှာလဲ"
"တခြားဆို ငါတို့တောင်းတဲ့ငွေကိုပေး အဲ့တာဆို အေးဆေးပြန်လွတ်ပေးမယ်"
Jennieဒေါသကိုထောင်းခနဲထွက်သွားမိတယ်။ မတော်တဆဝင်တိုက်မိတာလေးကိုဘာကိစ္စကြောင့် ငွေပေးရမည်လဲ။
ကြည့်ရသလောက် သူတို့ပုံစံကဆေးစွဲနေတဲ့ပုံ ၊ငွေလိုချင်လို့ တမင်ပြဿနာရှာနေတာ။