ဒီနေ့က စာစုကျက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Lalisaအိမ်မှာသုံးယောက်သားဆုံဖြစ်ကြခြင်း။
စာကျက်မယ်သာဆိုတယ် တစ်ကယ်ကလေကန်နေကြတာပိုများတယ်။ သီချင်းခွေတွေ တစ်ခွေပြီးတစ်ခွေဖွင့် သီချင်းအော်ဆိုလိုက် ကလိုက် မုန့်စားလိုက်နဲ့ နာရီလက်တံတွေသာတစ်ပတ်ပြီးတစ်ပတ်လည်သွားတယ် စာကျက်မယ့်အစီအစဥ်သို့မရောက်ရှိသေး။"အသက်ကြီးလာရင် ငါတို့သုံးယောက်အတူတူနေရအောင်"
Jennieပေါက်စရဲ့ စကားကြောင့် Chaeyoung Jennieကိုလှည့်ကြည့်လိုက်တော့ Lisaက မေးထောက်လျှက် Jennieကိုငေးမောနေရင်းမှ
"ငါကတော့ နင်နဲ့တစ်ခန်းထဲနေချင်တာ! တစ်ခန်းထဲ တစ်ကုတင်ထဲတစ်အိပ်ယာထဲ တစ်စောင်ထဲမှာလေ သိလား...."
Lisaအပြောကြောင့် တစ်ဖြည်းဖြည်း
မျက်နှာတွေရဲလာတဲ့ Jennieက ဘေးကစာအုပ်တစ်အုပ်ကိုယူ၍ Lisaပုခုံးကိုရိုက်လိုက်သည်။"နင်ဟာလေ! စကားကိုအကောင်းပြောလို့မရဘူး"
ရင်ဘက်ကိုဆူးနဲ့ဆောင့်ထိုးလိုက်သလို မျက်နှာပျက်ယွင်းသွားတဲ့Chaeyoungကိုတော့ ဘယ်သူမှသတိမထားမိသည်
ကြောင့် တမင်ဟန်ဆောင်ပြုံးပြနေစရာတောင်မလိုခဲ့ဘူး။ အမြဲပဲ...စကားပြောရင်သူတို့နှစ်ယောက်နဲ့ကိုယ်က ကမ္ဘာခြားနေသလိုမျိုးဥပက္ခာပြုခံရတဲ့ခံစားချက်မျိုးက ဘယ်နေရာကရနေမှန်းကိုမသိတာ။"သမီးက Kim Jennieလား"
မုန့်ပန်းကန်တွေကိုင်လျှက်ရောက်လာတဲ့Lisa အမေရဲ့အမေးမှာ Chaeyoungတစ်ယောက် တအံတသြ
"ဟုတ်ကဲ့"
"Lisaက သမီးအကြောင်းတွေအိမ်မှာအမြဲပြောပြလို့နာမည်ကိုရင်းနှီးနေတာ သမီးကချစ်စရာလေးပဲကို"
Jennieက သူ့လည်ပင်းလေးသူပွတ်ကာနေရခက်စဥ် Lisaက Jennieရဲ့ခေါင်းလေးကိုခပ်ဖွဖွပုတ်တယ်။
ဒီအခြေအနေမှာ ကိုယ်ကအပိုလူတစ်ယောက်သာသာရယ်။"ကဲ ကဲစားကြ စာလည်းလုပ်ကြ...အန်တီလုပ်စရာလေးတွေသွားလုပ်ဦးမယ်"
Lisaအမေထွက်သွားတော့ Chaeyoungက
"Yaa! Lalisa နင်ကနင့်အိမ်မှာ Jennieအကြောင်းတွေကြတော့ပြောပြီး ငါ့အကြောင်းကြမပြောဘူးလား"