"တီချယ် သိပ်မကြာခင်ဆောင်းမွေးနေ့ရောက်တော့မှာ နော်""ဟုတ်လား ဆောင်းဘယ်နှနှစ်ပြည့်မှာလဲ"
"၁၈နှစ်ပြည့်မှာလေ တီချယ် တီချယ်ဆောင်းကိုလက်ဆောင်ပေးရမှာနော်"
နန်းပြုံးလိုက်မိသည်။သူမဆီ ကလေးတစ်ယောက်လိုချွဲကာ မွေးနေ့လက်ဆောင်တောင်းနေတဲ့ကလေးမ။
"ပေးမှာပေါ့ဆောင်းရယ် ဆောင်းလေးကဘာလိုချင်လို့လဲ ဆောင်းမွေးနေ့ကျ"
တီချယ့်ဆီကအချစ်လို့များပြောလိုက်ရင် တီချယ်ဆောင်းကိုမုန်းသွားလေမလား။ အခုချိန်မှာတော့ပြောဖို့စောပါသေးသည်။
"တီချယ်က ဆောင်းလိုချင်တာပေးမှာလား"
"ဒါပေါ့ ဆောင်းရဲ့"
"ဟေး ဒါမှတို့တီချယ်..."
ဆောင်း တီချယ့်လက်မောင်းလေးကိုဆွဲဖက်လိုက်သည်။
ထိုအခိုက် နန်း ဆောင်းရဲ့လက်မှာ၀တ်ထားတဲ့လက်စွပ်လေးကိုမတော်တဆကြည့်မိလိုက်ပြီး နန်းစိတ်လှုပ်ရှားသွားသည်။ဒီလက်စွပ်လေးက...."ဆောင်း တီချယ့်ကို ဆောင်းရဲ့လက်စွပ်လေးခဏပြပါလား"
"ဟုတ် တီချယ်" ဆောင်းလက်မှာ၀တ်ထားတဲ့လက်စွပ်လေးက်ုချွတ်ကာ တီချယ့်ဆီပေးလိုက်သည်။
နန်းလက်စွပ်လေးရဲ့အတွင်းဘက်ကိုသေချာကြည့်လိုက်တော့N&Nဆိုတဲ့စာလုံးလေးထွင်းထားသည်ကိုတွေ့လိုက်သည်။ဒါ...ဒါ နန်းနဲ့နန်းရဲ့အရင်ချစ်သူနွေသံစဥ်တို့ ပန်းထိမ်ဆိုင်မှာသွားအပ်ပြီးအတူလုပ်ထားတဲ့ဆင်တူလက်စွပ်လေးပဲ။ဘယ်လိုလုပ်ဆောင်းဆီမှာရှိနေရတာလဲ...။ဆောင်းသံစဥ်...နွေသံစဥ်..မဟုတ်မှလွဲရော...ဆောင်းနဲ့သံစဥ်က...။
ရုတ်ချည်းမျက်နှာပျက်သွားတဲ့ တီချယ့်ကိုမြင်တော့
"ဘာ ဘာဖြစ်လို့လဲတီချယ် ...."
"ဆောင်း ဒါဘယ်ကရတာလဲ..."
"ဆောင်းရဲ့မမဆီကပါ ဘာဖြစ်လို့လဲဟင် တီချယ်"
ဆောင်းရဲ့စကားကိုကြားတော့ နန်းလဲပြိုမတက်ဖြစ်သွားသည်။တစ်ကယ်ပဲ ဆောင်းကနွေသံစဥ်ရဲ့ညီမပေါ့။ဟား သူမဘာလို့မသိခဲ့ရတာလဲ။နွေသံစဥ် ဆောင်းသံစဥ် နာမည်တွေလဲဆင်တူနေသလိုရုပ်ချင်းပါဆင်နေလျှက်နဲ့ ဘာလို့မသိခဲ့ရတာလဲ...။
YOU ARE READING
True Love
Romanceကျူတာဆရာမလေးနဲ့ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းကိုစိတ်ကူးယဉ်ပြီး ရေးထားခြင်းသက်သက်ပါ။မည်သူတစ်ဦးတစ်ယောက်မှထိခိုက်ဖို့မရည်ရွယ်ပါ။