နန်းLuggageအိတ်ထဲအဝတ်စားတစ်ချို့သေချာစီထဲ့ပြီးတော့ ဆောင်းဆီကိုဖုန်းဆက်လိုက်သည်။
"ဟယ်လို မ"
"ကလေး ပြင်ဆင်ပြီးပြီလား"
"ဟုတ် မဆောင်းပြီးပြီ"
"အင်း ဟုတ်ပြီဒါဆိုခဏစောင့်နော် မလဲပြီးပြီကားစောင့်နေတာ"
"ဟုတ်ကဲ့ မ"
နန်းဖုန်းချလိုက်ပြီး လာကြိုမည့်ကားကိုစောင့်နေလိုက်သည်။ခဏကြာတော့ကားရောက်လာသည်။
နန်းကားပေါ်တက်လိုက်ပြီးတော့ ဆောင်းတို့အဆောင်ရှေ့ကားကိုရပ်ကာ စောင့်လိုက်သည်။ဆောင်းက ကျောပိုးအိတ်လေးလွယ်လို့ကားပေါ်တက်လာသည်။
နန်းရဲ့အိမ်က နမ္မတီးမြို့မှာရှိတာဖြစ်ပြီး မိုးညှင်းကနေရထားနဲ့ဆိုရင်နာရီပိုင်းသာ ကြာမည်ဖြစ်သည်။
ဘူတာကိုရောက်တော့ luggageအိတ်လေးကိုဆွဲပြီး ခုံတန်း
လေးမှာသွားထိုင်ပြီး ရထားသွားစောင့်ဖြစ်သည်။၃နာရီလောက်ရထားစီးပြီးသွားတော့ နမ္မတီးသို့ရောက်လေသည်။
နမ္မတီးဘူတာကနေ ကားငှားပြီးအိမ်ကိုပြန်ဖြစ်ခဲ့ကြသည်။
မရဲ့အိမ်ရှေ့ရောက်တော့ကားရပ်သွားသည်။မတို့အိမ်လေးက အောက်ထပ်ကတိုက်ဖြစ်ပြီးအပေါ်ထပ်ကပျဉ်ထောင်နဲ့ဖြစ်သည်။
မတို့အိမ်လေးကို အပေါ်ထပ်ရောအောက်ထပ်ရော ဆေးပြာနုနုလေးသုတ်ထားတာဖြစ်ပြီး မြင်ရတာအေးချမ်းပြီးတော့ နေချင်စဖွယ်ကောင်းလှသည်။
"ဆောင်း ဝင်မယ်လေ"
"aww ဟုတ်ကဲ့မ"
အိမ်ထဲရောက်တော့ luggageအိတ်ကိုချပြီး အိမ်ရှင်းဖို့လုပ်ရသည်။
မအိမ်ရှင်းနေတာမြင်တော့ ဆောင်းလဲမနေနိုင်ပဲ မကိုကူပေးဖြစ်သည်။
အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးတော့ ရေချိုးခန်းထဲသွားကာ ကိုယ်လက်သန့်စင်ဆေးကြောပြီး အိပ်ခန်းထဲကိုအိတ်တွေသယ်သွားဖြစ်သည်။
"ကလေး ဒါကမအခန်း ကလေးကဒီမှာနေလိုက် "
"ဟင် ဒါဆိုမကရော"
YOU ARE READING
True Love
Romanceကျူတာဆရာမလေးနဲ့ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းကိုစိတ်ကူးယဉ်ပြီး ရေးထားခြင်းသက်သက်ပါ။မည်သူတစ်ဦးတစ်ယောက်မှထိခိုက်ဖို့မရည်ရွယ်ပါ။