အပိုင်း (၃)

42.8K 463 8
                                    



အမည် - ဆုယမုံထက်
အသက် - ၁၈ နှစ်
uni - E major (Day)
အသားက ညိုဖျော့ဖျော့ , အရပ်က ၅ပေ ၂ လက်မ ခန့်, ခန္ဒာကိုယ် သွယ်သွယ်လျလျ နှင့် သူမကို E major တွင် လူ အတော်များများ
သိကြသည်။ တခြားကြောင့်တော့ မဟုတ်။ သူမ ၏ HD ကြောင့်။

သူမ ၅ တန်းစ တတ်တော့ သူမ မိဘ နှစ်ပါး ကွဲကြသည်။ ၁ နှစ်အကြာမှာပဲ သူမ ဖခင်က နောက်အိမ်ထောင်ပြုလိုက်သည်။ သမီးမိန်းကလေးတိုင်း ဖခင်ကို အချစ်ပို ကြပေမယ့်
သူမကတော့ မိခင်ကို ပိုချစ်သည်။ မိခင်ဖြစ်သူ
ဒေါ်ဇင်ဇင်သွယ် ကလည်း သူမကို ဖခင်လိုတမျိုး, မိခင်လို တဖုံ ချစ်ရှာ၏။ ဖခင်မရှိသည့်နောက် သူမတို့ စားဝတ်နေရေးက အရင်ကထက် ကျပ်တည်းပေမယ့် ဆင်းရဲလှသည်တော့မဟုတ်။ မြောက်ဥက္ကလာက တိုက်ခန်း ကျဉ်းကျဉ်းလေးသည် သူတို့ သားအမိအတွက် လုံလောက်ပေသည်။

သူမ အတန်းထဲတွင် ပေါင်းသော သူငယ်ချင်းမှာ ၄ ယောက်သာ ရှိသည်။
ရွှေရည်ဖူး, အိမ့်မှုးသွင် ,မေသက် နှင့် ယွန်းမြတ်အိမ် တို့ ဖြစ်ကြ၏။ ၁၀ တန်းပြီးတော့လည်း သူမတို့ Day အတူတူ တတ်ဖြစ်ကြသည်။
အားလုံးထဲတွင် မိသားစု မပြည့်စုံသော ဆုယမုံထက် က ကျောင်းအားရက်တွင် သူမ မိခင်၏ သူငယ်ချင်း အထည်ဆိုင်တွင် အလုပ်လုပ်လေသည်။ ထိုမျှမက မိန်းခလေးအသုံးအဆောင်များကိုလည်း online shop လုပ်သေးသည်။

​တက္ကသိုလ် တတ်ကြတော့ သူမတို့ ၅ ယောက်အတွဲမှာ ရေပန်းစား သည်ဟု ပြော၍ ရ၏။
မေသက်က အနည်းဝယ် ဝပေမယ့် ချစ်ဖို့ကောင်း၏။ ရွှေရည်က slim size နဲ့ တစ်မျိုးလှသည်။ အိမ့်မှုးကတော့ tom boy ပုံစံ ဆံပင်ဂုတ်ဝဲနှင့် ကြည့်ကောင်း၏။ သူတို့အဖွဲ့ထဲမှာ အလှဆုံးကတော့ အယွန်း။ အရပ် ၅ပေ ၅ လက်မကျော်ကျော်နှင့် လှပသော အချိုးအစား, မျက်နာပေါက်တို့က အပစ်ပြောစရာမရှိ။
သူမကတော့ သူတို့ကြားထဲတွင် ညိုတိုတိုနှင့်။

သူမတို့ တက္ကသိုလ် စ တတ်တော့ သူမနှင့် အယွန်းနဲ့ ရည်းစားရကြသည်။ အယွန်းက သူ့ကောင်လေးကို နိုင်စားသလောက် သူမကတော့ အလျော့ပေးရတာ များသည်။ သူမရဲ့ အချစ်ဦးနာမည်က "စိုင်းဆက်ပိုင်" ။ စိုင်းဆက်ပိုင်က Distance ကျောင်းသား။ သူမထက် ၂ နှစ်ကျော်ကြီးသည့် ၁၉ အရွယ်။ uke ဟု ထင်မှတ်မှားရလောက်အောင် ချောသော စိုင်းဆက်ပိုင် ကို သူမ ပိုင်ဆိုင်လိုက်ရသည်မှာ ပြောမပြတတ်အောင် သူမ ပျော်ခဲ့သည်။ သူမတို့ကြားမှာ Sex case တွေ ရှိခဲ့သည်။ ၁၆ ကျော်အရွယ်ဆိုပေမယ့် သူမတို့ တစ်ဖွဲ့လုံး sex ကိုနားလည်ကြသည်။ ထို့ကြောင့် သူမ first time ကို ချစ်သူကို
ပေးလိုက်သည်ပေါ့။

Princess of Dark God 🔞Where stories live. Discover now