Princess of Dark God
အပိုင်း (၁၅)အခုဆို ယမုံ အိမ်မှာ နားနေရပြီ။ agency မှာ
သူပြန်ထိုင်နေပြီ ဖြစ်၍ ယမုံ သွားစရာမလိုတော့။ ထို့ကြောင့် ယမုံအားလပ်ချိန် တစ်ချို့၌ လင်းခက်ဆစ်နှင့် တွေ့ဖြစ်သည်။Agency ၏ ရုံးခန်းရှေ့တွင် မိန်းကလေး ၁ ဦး ထိုင်စောင့်နေသည်။
" မ ချိုယမင်းအောင် ဝင်လာလို့ရပါပြီ"
ရုံးစာရေး အဖူးရဲ့ အသံကို ကြားတော့
ချိုယမင်းအောင် အခန်းထဲ ဝင်သွားလိုက်သည်။"ထိုင်ပါ ညီမ"
လူမော်အောင်က ခပ်အေးအေးပြောလိုက်၍
သူမ ဝင်ထိုင်လိုက်သည်။ ထို့နောက် လူမော်အောင်ကို ကြည့်လိုက်တော့ သူမ ကြားထားသည့်အတိုင်းပင်။ Director လူမော်အောင်က ကြည့်ကောင်းသည့် အမျိုးသားတစ်ဦးဟု လက်ခံလိုက်သည်။"ကိုယ့်ကို မင်းbio ပြောပြပေးပါ"
"ဟုတ်ကဲ့ရှင့်
နာမည်က ချိုယမင်းအောင်ပါ။
အသက်က ၂၅ ရှိပါပြီ။
business management နဲ့ကျောင်းပြီးထားပါတယ်။ Diploma in Own Business Management နဲ့
DBA လည်း ရရှိထားပါတယ်။ ""ကိုယ့် agency က Modelling ရော
entertainment ရော မလို့ အတွေ့အကြုံလိုမယ် ထင်တယ်""ဟုတ်ကဲ့, Dave Bar မှာ assistant Manager အနေနဲ့ ၂ နှစ်, Brave Entertainment မှာ
Manager အဖြစ် ၂ နှစ် အတွေ့အကြုံရှိပါတယ်""အင်း မဆိုးပါဘူး,
ခန့်မှန်းလစာကရော...""အစ်ကို ပေးသလောက်ပေါ့..."
ချိုယမင်းအောင် အရယ်တဝက်နှင့် ပြောလိုက်သည်။"Ok လေ, အဲ့တော့ basic salary အနေနဲ့ တစ်လ ၇ သိန်း ။ bonus အနေနဲ့ တစ်လ profit ရဲ့ 10% ရမယ်။ ပထမဆုံး ၁ ပတ်ကတော့ ကတော့ မင်းက ကိုယ့် assistant အနေနဲ့
လုပ်ငန်းလည်ပတ်ပုံကို အရင်လေ့လာပါ""ဟုတ်ကဲ့ အဆင်ပြေပါတယ်ရှင်"
"အဲ့တာဆို ဘယ်တော့ အလုပ်စ ဆင်းမလဲ"
"မနက်ဖြန် စဆင်းပါ့မယ်"
" Ok , See ya "
အခုမှ ပင် လူမော်အောင် သက်ပြင်းချနိုင်တော့သည်။ သူငယ်ချင်းများနှင့် Film Production
စတင် လုပ်ကိုင်ရန် စီစဉ်ထား၍ ဒီ agency ကို
နိုင်နင်းမည့် manager တစ်ယောက် လိုနေခြင်း
ဖြစ်သည်။ ယမုံ့ကိုလည်း သူ အရမ်းကြီး မပင်ပန်းစေချင်၍ ဤကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သည်။
YOU ARE READING
Princess of Dark God 🔞
Romance(Book published )BDSM story , 18+ , Drama , Normal + BL