အပိုင်း (၉)

30.2K 304 23
                                    



Princess of Dark God
အပိုင်း (၉)

"အစ်ကိုနဲ့ Date ချင်လို့ပါ"
ယမုံက ပြောလာတော့ သူအံ့ဩသွားသည်။

"တွေ့သမျှ မိန်းမတိုင်းနဲ့ Dateလေ့ရှိတယ်လို့ ထင်နေတာလား ? "

"မဟုတ်ပါဘူး, အစ်ကိုနဲ့ ၂ယောက်တည်း အတူရှိနေချင်လို့ပါ"

"ဟိုတစ်ခါ ကိစ္စက မနာလို လို့ ဆိုတော့
အခု date ဖို့ပြော တာကရော, ဘာစိတ်နဲ့လဲ"

"ယမုံ အစ်ကို့ကို အရမ်းချစ်လို့, အစ်ကို သိနိုင်တာထက်ကို ပိုချစ်တာ"

ဟူး...သူသက်ပြင်းချလိုက်မိသည်။

"ဒီမှာ ညီမလေး, ကိုယ်နဲ့ date ဖို့က
မင်း ကိုယ့်အကြောင်း သိဖို့ လိုတယ်လေ"
သူ စကားပိတ်ပြောလိုက်သည်။ သူငယ်ချင်း ၂ ယောက်ကို ပြိုင်တူ date တာက အန္တရာယ်များမှန်း သူ သိတာပေါ့။

"ကိုလူမော်အောင်က play boy type ။
သဘောကျရင် hotel date တယ်။
ရည်းစားမထားဘူး။
ပြီးတော့ Dominant type ။
သူငယ်ချင်းတွေ ကြားထဲမှာ King of Dark" လို ရေပန်းစားတယ်။
ဒါပေမယ့် Dark side အစစ်ကို ဘယ်မိန်းခလေးကိုမှ ထုတ်မပြဖူး။
Pleasure ကိုပဲ ပေးလေ့ရှိတယ်။"

"....."
သူ တဒင်္ဂ အံ့ဩသွားသည်။ ဒီကောင်မလေး
သူ့အကြောင်းကို တော်တော် သိသည်ပဲ။

"ယမုံ ပြောတဲ့ထဲ ဘာကျန်ခဲ့သေးလဲ အစ်ကို"

"အော် အင်း ဘာမှ မကျန်ပါဘူး"

"အဲ့တာဆို ယမုံနဲ့ date ဖို့ သဘောတူရဲ့လား"

"မင်းtype က အဲ့လို type မှ မဟုတ်ပဲ ညီမလေးရဲ့"

"ညီမက ချစ်တဲ့သူအတွက်ဆို အရာအားလုံးပြောင်းပစ်နိုင်တယ် အစ်ကို။
ပြီးတော့ ညီမ date ချင်တာကလည်း
အကို့ရဲ့ Dark side နဲ့ "

ဒီကောင်မလေးက အလာကြီးပဲ....
သူစိတ်ထဲက တွေးလိုက်မိသည်။

"Ok လေ မင်းအားတဲ့ရက် စုံတာပေါ့.."

"ရေး......"
ယမုံ ပျော်သွားသည်။ဒါ အခွင့်အရေးပဲလေ။

×××××××××××××××××××××××××××××××

ဒီကောင်မလေးက ဒီလိုကျ ချစ်ဖို့ကောင်းသားပဲ"
လူမော်အောင် စိတ်ထဲက တွေးလိုက်မိသည်။
အသားခပ်ညိုညိုလေးက အဖြူရောင် စကပ်လေးနှင့် လိုက်ဖက်လွန်းနေသည်။

Princess of Dark God 🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ