【 02. Be Your Pet or NOT 】

289 46 7
                                    

【Be Your Pet or NOT】

⟨ Unicode Version ⟩

ARMY SERIESရဲ့ ဒုတိယမြောက်Fictionလေးပါ။ဒီပလော့လေးက မနှစ်ကတည်းက စဉ်းစားရမိပြီး ရေးထားခဲ့ပေမယ့် 8thမှ အပ်ပေးမယ်လို့ တွေးထားမိလို့ အခုမှအပ်ပုဒိတ်ပေးတာပါ။

Be Your Pet or NOTက 8th ARMY DAYအတွက် စာရေးသူရဲ့လက်ဆောင်လေးပါ … 8thကနေစပြီး ဟိုးအဆုံးထိ အတူတူရှိသွားရအောင်နော် BoraHae💜

တစ်နေရာရာမှာ ချွတ်ချော်မှားယွင်းတာမျိုးရှိရင် စာရေးသူရဲ့အားနည်းချက်ကြောင့်ပါ အားလုံးကျန်းမာပြီးပျော်ရွှင်နေဖို့ မျှော်လင့်ပါတယ် …

By Epiphany Jinah

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

စိုစိုစွတ်စွတ်ပေမဲ့ ရေငွေ့ပါတဲ့လေရနံ့မို့ ကျွန်မမြတ်နိုးစွာ ရှူရှိုက်လိုက်မိသည်။ထို့နောက် လက်နှစ်ဖက်ကို Hoodieထဲထည့်ကာ လူလျှောက်လမ်းလေးအတိုင်း ခပ်အေးအေးလေးလျှောက်နေမိသည်။ ဘာရယ်မဟုတ် ညကောင်းကင်ကိုငေးကြည့်မိတော့ ကြယ်လေးတွေက တလက်လက်။

" ခုနက မိုးရွာနေတာ သူမဟုတ်တဲ့အတိုင်းပဲ "

ကျွန်မ ဘာသာရေရွတ်ရင်း လမ်းဆက်လျှောက်မိသည်။ ထို့နောက် 24နာရီဖွင့်တဲ့စတိုးတစ်ခုထဲဝင်ပြီး ပေါင်မုန့်နဲ့ကော်ဖီဘူးဝယ်လိုက်သည်။ လမ်းလျှောက်ထွက်တိုင်း ကျွန်မထိုင်နေကျ လမ်းဘေးခုံတန်းလေးပေါ်  ဝယ်လာတဲ့ပေါင်မုန့်နဲ့ကော်ဖီကို ဖွင့်ပြီး စားနေမိသည်။ လမ်းမထက်မှာလည်း ကားတွေဖြတ်သန်းနေသည်။ လူတွေကလဲ ထုံးစံအတိုင်း လမ်းလျှောက်နေကြမြဲ။ ကျွန်မကလဲ ဒီအချိန်ရောက်တိုင်း လမ်းထွက်လျှောက်ပြီး မုန့်ထွက်စားမြဲ။
ကားလမ်းကို ငေးပြီး လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ကြော်ညာဘုတ်ကို ကြည့်လိုက်မိသည်။ Samsung × BTSကြော်ညာကအထင်းသား။ စကရင်ပေါ်မှာ ကျော့ရှင်းနေတဲ့  ချစ်ရတဲ့လူသားတွေကိုကြည့်လိုက်မိသည်။

“ ဘာတွေများစားလို့ ဒီလောက်တောင် ချောမောနေရတာလဲ အိုပါးတွေ ... "

You've reached the end of published parts.

⏰ Last updated: Aug 11, 2021 ⏰

Add this story to your Library to get notified about new parts!

𝗔𝗥𝗠𝗬 𝗦𝗘𝗥𝗜𝗘𝗦 || BTS × ARMYWhere stories live. Discover now