【01】GLOSD • A •

659 73 22
                                    

Green Leaf Of Spring Day

⟨ Unicode Version ⟩

** နွေနေ့ရက်ရဲ့ သစ်ရွက်စိမ်း **
【အပိုင်း ၀၁】

၂၀၁၂ခုနှစ်။

  " မမလေးရေ အသင့်ဖြစ်ပြီလား "

အနောက်ကထွက်လာတဲ့အသံကို သူမလှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်မိသည်။

" ဟို သူဌေးလေးက မမလေးရဲ့ဆုပေးပွဲကိုမလာနိုင်ဘူးဆိုတာက လမ်းမှာအက်စီးဒင့်တစ်ခုဖြစ်သွားလို့ပါ...  အဲ့တာကြောင့်... "

" လိမ်နေတာ ... "

" ရှင် "

" အဒေါ်ကြီးလီ ... အဖေ့ဘက်ကို ကာမနေပါနဲ့ မေမေဆုံးသွားကတည်းက ဒီလိုပုံစံပဲဆိုတာကိုသိတယ် ...  ကဲ အခုဘယ်ကိုသွားပေးရမှာလဲ ဘာလုပ်တဲ့အချိန်လဲ "

" အာ... အခုက Englishစာအချိန်ပါ မမလေး...  "

" အင်း ... ရေးလက်စပြီးရင် ဆင်းလာခဲ့ပါ့မယ် "

" မမလေးထပ်ရေးနေပြန်ပြီလား... သူဌေးလေးသိသွားရင်ထပ်ပြီးအရိုက်ခံရ.. "

" အဒေါ်ကြီးလီမပြောရင် မသိပါဘူး "

ခပ်တင်းတင်းမျက်နှာထားနဲ့ စာရေးစားပွဲဆီပြန်လှည့်ကာ ရေးလက်စဝတ္ထုတိုလေးကိုသူမလက်စသတ်လိုက်သည်။

နာမည်က ယိုဟယ်ရင်း...။
အထက်တန်းကျောင်းသူ...။ အသက်က ၁၈နှစ် ... ။ အိပ်မက်က စာရေးဆရာမဖြစ်ဖို့  မဟုတ်ရင် choreographerဖြစ်ဖို့... နောက်နှစ်နှစ်မှာအထက်တန်းပြီးမှာဖြစ်ပေမဲ့ သူမတက်ချင်တဲ့အနုပညာကျောင်းကို တက်ခွင့်မရှိ။ အဲ့ဒီလိုပဲ စာရေးဆရာမဖြစ်ဖို့ ကြိုးစားခွင့်မရှိ။ လုပ်ပိုင်ခွင့်တွေပိတ်လှောင်ပြီး အဖေလိုချင်တဲ့ ဂုဏ်သိက္ခာတွေကို ဆက်ထိန်းသိမ်းရမဲ့ ဆက်ခံသူတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲ့ဒီလိုပါပဲ သိပ်ချစ်ရတဲ့ချစ်သူကိုလဲ ဖမ်းဆုပ်ခွင့်မရှိခဲ့။ အဆင့်အတန်းမတူဘူးဆိုတဲ့အဖေ့ရဲ့အမိန့်အောက်မှာ ကွဲကွာခဲ့ရပါသည်။ စောင့်နေမယ်ဆိုတဲ့ကတိတစ်ခုကိုသာပေးနိုင်ခဲ့ပြီး ပြန်လာရှာမယ်ဆိုတဲ့ကတိတစ်ခုကိုပဲ ပြန်ရခဲ့တာမို့... သူမ ဘဝကပျော်ရွှင်ခြင်းတော့မရှိ။ သံပတ်ပေးထားတဲ့စက်ရုပ်တစ်ရုပ်လိုသာ...။

𝗔𝗥𝗠𝗬 𝗦𝗘𝗥𝗜𝗘𝗦 || BTS × ARMYOpowieści tętniące życiem. Odkryj je teraz